ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ဆောက်သမ်းမြန်မာနှင့်ပွဲ၌ ပက်ထရစ်ဂနိုစီယမ် မပါသော်လည်း သရေတစ်မှတ် ရယူပြီး အမှတ်ပေးဇယားကို ရတနာပုံ ဆက်လက်ဦးဆောင်
Monday, 28 December 2009 09:21
ရတနာပုံ အက်ဖ်စီ ၂-၂ ဆောက်သမ်းမြန်မာ အက်ဖ်စီရန်ပိုင်(၅၆’၊ ၆၄’) ဂျေဗွန်(၁’၊ ၈၅’)
ရတနာပုံအက်ဖ်စီ သည် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၁)ကို ဒီဇင်ဘာလ ၂၆ရက်နေ့က သုဝဏ္ဏကွင်း တွင် ဆောက်သမ်းမြန်မာ အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၂)ဂိုးစီ သရေကျခဲ့သောကြောင့် တစ်မှတ်ရရှိပြီး ရမှတ်ပေါင်း(၂၆)မှတ် ဒုတိယနေရာမှ ဒယ်လ်တာယူနိုက်တက်ကို (၃)မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်လျက်ရှိသည်။ ရတနာပုံအသင်း တွင် ပွဲပယ်ခံထားရသော ပက်ထရစ်ဂနိုစီယမ်၏ နေရာ၌ ကမ်ဘူးဝင်ရောက်ကစားကာ ကမ်ဘူး၏ ဘယ်နောက်ခံနေရာတွင် ပိုင်စိုး ပွဲထွက် ပါဝင် ကစားခဲ့သည်။ ပွဲထွက် ဂိုးသမားအဖြစ် ဖြိုးကိုကိုလှိုင် ၀င်ရောက် ကစားခွင့်ရခဲ့သည်။
ဆောက်သမ်းမြန်မာအက်ဖ်စီတွင် ဘီဂျိမ်းထွေး၊ ဂျေဗွန်ဖရန်စစ်တို့ ဦးဆောင်ခဲ့ပြီး ရန်မျိုးအောင်၊ဇော်ခါး၊တယ် လွန်၊ဘရိုက်၊ အိုမီလီ၊ ကင်းစလေ၊ တင့်နိုင်ထွန်းသိန်းတို့ဖြင့် လူစုံပွဲထွက်ခဲ့သည်။ နိုင်ငံခြားသားကစားသမား ၅ ဦး ပွဲထွက်လာပြီး အကောင်းဆုံး မြန်မာကစားသမားဖြင့် ယှဉ်ပြိုင်ကစားခဲ့သောကြောင့် ဆောက်သမ်းမြန်မာ၏ ကစားပုံမှာ လျင်မြန်ကောင်းမွန်ခဲ့သည်။ ပွဲအစ ၁ မိနစ်မှာပင် ရတနာပုံနောက်ခံလူများ ရှုပ်နေသည့်ကြားမှ ဂျေဗွန်က အနီးကပ်ကန်သွင်းယူခဲ့သောကြောင့် ဆောက်သမ်းမြန်မာ ဦးဆောင်ဂိုးရခဲ့သည်။
ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ရတနာပုံအက်ဖ်စီက ချေပဂိုးရရန် ကစားအားတင်လာပြီး ဂိုးရလုနီးပါး အခွင့် အရေးများ ဖန်တီး နိုင်ခဲ့သည်။ ပွဲချိန် ၁၀ မိနစ်တွင် ရတနာပုံမှ ကလီးမန့်၏ ကန်ချက်ကို ဆောက်သမ်းမှ ဟန်ထွန်းဖျက်ထုတ်လိုက်သောကြောင့် ရတနာပုံအက်ဖ်စီ ချေပဂိုးရခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၉ မိနစ်တွင် ဆောက်သမ်းဂိုးဧရိယာအတွင်း၌ ရန်ပိုင်၊ ကလီးမန့်တို့ အဆင့်ဆင့် ကန်သွင်းသော်လည်း ဆောက်သမ်း ဂိုးသမား ဇာနည်မင်း လက်စွမ်းပြနေခြင်းနှင့် ရတနာပုံ ကစားသမားများ ဂိုးရလိုဇော များနေခြင်းတို့ကြောင့် ဂိုးပေါက်လွဲနေခဲ့ရသည်။
ပွဲချိန် ၂၂ မိနစ်တွင် ဘာဘို ဆွဲယူကန်သွင်းသော်လည်း ဇာနည်မင်း ဖမ်းမိခဲ့သည်။ ၂၄ မိနစ်တွင် ဘီ-ဂျိမ်းထွေးအား ကမ်ဘူး အဖျက်ကြမ်းခဲ့သောကြောင့် အ၀ါကတ်ပြ သတိပေးခံခဲ့ရသည်။ ထို့နောက် ရတနာပုံ အသင်းကပင် ဆက်လက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ၂၆ မိနစ်တွင် ထွန်းထွန်းဝင်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရသော်လည်း ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ မိနစ် ၃၀ တွင် ညာကြောမှ ခင်မောင်ထွန်း ဖြတ်တင်ပေးသည့် ဘောလုံးကို ဘာဘိုပိတ်သော်လည်း ဘေးထွက်ခဲ့သည်။ ၃၄ မိနစ်တွင် ဘီ-ဂျိမ်းထွေး ကစားပုံ ကြမ်းသည့်အတွက် အ၀ါကတ်ပြ ခံရသည်။
ပထမပိုင်း ပြီးခါနီးတွင် ဆောက်သမ်းမြန်မာက အပိုင်ဂိုးသွင်းများ ဖန်တီးနိုင်ခဲ့သည်။ ၄၃ မိနစ်တွင် ဆောက်သမ်းမြန်မာ တိုက်စစ်မှူး ဂျေဗွန် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့်ရသော်လည်း ကန်ချက်လွဲကာ ဘေးထွက်သွားခဲ့သည်။ ပထမပိုင်းအပြီးတွင် ဆောက်သမ်းမြန်မာက ရတနာပုံကို ၀-၁ ဂိုးဖြင့် ဦးဆောင် နေခဲ့သည်။
ဒုတိယပိုင်း ပြန်စသည်နှင့် ရတနာပုံအသင်းက ချေပဂိုးရရန် ဆက်လက် ဖိအားပေးတိုက်စစ်ဆင်ခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် ညာကြောမှ ဘာဘို ဖြတ်ပေးလိုက်သည့် ဘောလုံးကို ရန်ပိုင်က အနီးကပ်ပိတ်သွင်းကာ ရတနာပုံ အတွက် ချေပဂိုး ရယူခဲ့သည်။ မိနစ် ၆၀ တွင် ရတနာပုံမှ မက်သရူး အပိုင်ခေါင်းတိုက်ရာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ၆၄ မိနစ်တွင် ထွန်းထွန်းဝင်း မျှောချပေးလိုက်သည့် ဘောလုံးကို ဘာဘို ဘယ်ကြောတစ်လျှောက် ဆွဲယူသွားကာ ဂိုးရှေ့ ဖြတ်တင်ပေးလိုက်ရာ ရန်ပိုင် ခေါင်းတိုက် ဂိုးသွင်းယူ လိုက်သဖြင့် ရတနာပုံ ဦးဆောင်ဂိုး ရရှိခဲ့သည်။
ထို့နောက် ရတနာပုံအသင်းက ဆက်လက် တိုက်စစ်ဆင်ခဲ့ပြီး ၇၃ မိနစ်တွင် ပိုင်စိုး ဘယ်ကြောမှ ဆွဲယူကန်သွင်းရာ ဂိုးသမား ပုတ်ထုတ်ခဲ့သည်။ ၇၄ မိနစ်တွင် ကလီးမန့် ထောင်ပေးလိုက်သည့် ဘောလုံးကို ရန်ပိုင် ခေါင်းတိုက် သွင်းယူရာ ဆောက်သမ်း ဂိုးသမား ဇာနည်မင်း ဖမ်းမိခဲ့သည်။
ပွဲပြီးရန် ၁၀ မိနစ် အလိုတွင် ဆောက်သမ်းမြန်မာ အက်ဖ်စီက ပြန်လည်ထိုးဖောက်လာခဲ့ပြီး ရတနာပုံ ဂိုးသမား ဖြိုးကိုကိုလှိုင် ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ၈၃ မိနစ်တွင် ဂျေဗွန်၏ ကန်သွင်းချက် ဖြိုးကိုကိုလှိုင် ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ ၈၅ မိနစ်တွင် ရတနာပုံ ဗဟိုနောက်ခံလူ ဘာဘိုနှင့် ကျောခိုင်ဝင်းတို့ နှစ်ဦး ဂျေဗွန်ကို မထိန်းနိုင်ဘဲ လွတ်သွားပြီး ဂိုးသမား ဖြိုးကိုကိုလှိုင် ထွက်ဖမ်းရန်ကြိုးစားသော်လည်း ဂျေဗွန်က လိမ်ကာ ကန်သွင်းခဲ့သောကြောင့် ဆောက်သမ်းမြန်မာ ချေပဂိုးရသွားခဲ့သည်။
နာကျင်အချိန်ပို ၃ မိနစ်တွင် ဂျေဗွန် ဂိုးသွင်းရန် ကြိုးစားရာ ကမ်ဘူး ကပ်ထားသဖြင့် ကန်ချက်ပျော့ကာ ဖြိုးကိုကိုလှိုင် ဖမ်းမိခဲ့သည်။ ဆောက်သမ်းမြန်မာက လူစားလဲမှု (၃)ယောက် ပြုလုပ်ခဲ့သော်လည်း ရတနာပုံအသင်းက မပြုလုပ်ဘဲ ယှဉ်ပြိုင်ခဲ့သည်။
ပွဲပြီးရန် ၁၀ မိနစ် အလိုတွင် ဆောက်သမ်းမြန်မာ အက်ဖ်စီက ပြန်လည်ထိုးဖောက်လာခဲ့ပြီး ရတနာပုံ ဂိုးသမား ဖြိုးကိုကိုလှိုင် ကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ၈၃ မိနစ်တွင် ဂျေဗွန်၏ ကန်သွင်းချက် ဖြိုးကိုကိုလှိုင် ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ ၈၅ မိနစ်တွင် ရတနာပုံ ဗဟိုနောက်ခံလူ ဘာဘိုနှင့် ကျောခိုင်ဝင်းတို့ နှစ်ဦး ဂျေဗွန်ကို မထိန်းနိုင်ဘဲ လွတ်သွားပြီး ဂိုးသမား ဖြိုးကိုကိုလှိုင် ထွက်ဖမ်းရန်ကြိုးစားသော်လည်း ဂျေဗွန်က လိမ်ကာ ကန်သွင်းခဲ့သောကြောင့် ဆောက်သမ်းမြန်မာ ချေပဂိုးရသွားခဲ့သည်။
နာကျင်အချိန်ပို ၃ မိနစ်တွင် ဂျေဗွန် ဂိုးသွင်းရန် ကြိုးစားရာ ကမ်ဘူး ကပ်ထားသဖြင့် ကန်ချက်ပျော့ကာ ဖြိုးကိုကိုလှိုင် ဖမ်းမိခဲ့သည်။ ဆောက်သမ်းမြန်မာက လူစားလဲမှု (၃)ယောက် ပြုလုပ်ခဲ့သော်လည်း ရတနာပုံအသင်းက မပြုလုပ်ဘဲ ယှဉ်ပြိုင်ခဲ့သည်။
ဒိုင်လူကြီး-ဦးလှတင့်
စည်းကြပ်ဒိုင်(၁)-ဦးအောင်မိုး
စည်းကြပ်ဒိုင်(၂)-ဦးဇော်ဝင်းခိုင်
ရတနာပုံအသင်း
အုပ်ချုပ်သူ- မစ္စတာရိုဟန်
နည်းပြ-ဦးဇော်လေးအောင်
အသင်းခေါင်းဆောင်-ခင်မောင်ထွန်း
ပွဲထွက်ပါဝင် ကစားသူများ-၃-ကမ်ဘူး၊ ၇-ခင်မောင်ထွန်း၊ ၉-ရန်ပိုင်၊ ၁၀-ထွန်းထွန်းဝင်း၊ ၁၁-ပိုင်စိုး၊ ၁၉-အောင်ကျော်မိုး၊ ၂၅-ဘာဘို၊ ၂၇-ဖြိုးကိုကိုလှိုင်၊ ၂၈-မက်သရူး၊ ၂၉-ကလီမန့်၊ ၃၃-ကျော်ခိုင်ဝင်း။
အရန်ကစားသမားများ-၆-ကျော်ဇေယျာမင်း၊ ၁၄-ရဲဇော်ထက်အောင်၊ ၂၂-အောင်ချမ်းမိုး၊ ၂၄-အေးမိုး၊ ၃၀-ဇော်လင်းအောင်။
ဆောက်သမ်းမြန်မာအသင်း
အုပ်ချုပ်သူ-ဦးမြင့်ကြူး
နည်းပြ-ဦးကျော်တင့်
အသင်းခေါင်းဆောင်-ဇော်ခါး
ပွဲထွက်ပါဝင်ကစားသူများ-၅-ဟန်ထွန်း၊ ၉-ဘီ-ဂျိမ်းထွေး၊ ၁၄-ရန်မျိုးအောင်၊ ၂၁-ဇော်ခါး၊ ၂၄-ဇာနည်မင်း၊ ၂၉-တယ်လွန်၊ ၃၀-အိုမီလီ၊ ၃၁-ကင်းစလေ၊ ၃၃-ဘရိုက်၊ ၃၄-ဂျေဗွန်၊ ၃၆-တင့်နိုင်ထွန်းသိန်း။
အရန်ကစားသမားများ-၁-ပြည့်ဖြိုးအောင်၊ ၃-နေလင်းထိုက်၊ ၆-စိုးမြတ်သူ၊ ၁၀-မျိုးလှိုင်ဦး၊ ၂၂-စိုးကျော်သူ။ ၂၇-ဥာဏ်လင်းထွန်း(၂)၊ ၃၂-ရဲထွန်းနိုင်။
ဂျေဗွန် အဖွင့်ဂိုး သွင်းယူနေပုံ အဆင့်ဆင့်ပုံ








