ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ... Photo Gallery: Yadanarbon FC 2:0 Manaw Myay FC
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
စည်သူသန်း၏ အချိန်ပို နောက်ကျဂိုးကြောင့် ဇေယျာရွှေမြေကို ရတနာပုံ ရှုံးနိမ့်
Thursday, 31 December 2009 19:37
ရတနာပုံ အက်ဖ်စီသည် ၂၀၀၉-၁၀ မြန်မာ နေရှင်နယ်လိဂ် ပွဲစဉ်-၁၂ အဖြစ် ဇေယျာရွှေမြေ အက်ဖ်စီနှင့် ဒီဇင်ဘာလ ၃၁ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ နာကျင် အချိန်ပိုတွင် ဇေယျာရွှေမြေမှ လူစားဝင် ကစားသမား စည်သူသန်း သွင်းယူသော ဂိုးကြောင့် ၁-၂ ဂိုးဖြင့် ရှုံးနိမ့် သွားခဲ့ရသည်။ရတနာပုံ အသင်းတွင် တိုက်စစ်မှူး ရန်ပိုင် ပွဲပယ်ခံ ထားရပြီး ဂိုးသမား ယဉ်မင်းအောင် ဒဏ်ရာမှ မသက်သာ သောကြောင့် ပါဝင်နိုင်ခြင်း မရှိပေ။ နောက်တန်းတွင် ပက်ထရစ် ဂနိုစီယမ် ပြန်လည် ပါဝင်လာခဲ့သည်။ ဇေယျာရွှေမြေ အသင်းတွင် မင်းသူ၊ ဇော်လင်းထွန်း-၂၊ ရာဇာဝင်းသိန်း၊ ကျော်ကိုကို၊ ထူးကျော်၊ ကျော်ဇင်ဝင်း၊ နိုင်စိုးဝေ စသဖြင့် လူစုံ ပွဲထွက်ခဲ့သည်။
ပွဲစသည်နှင့် ဇေယျာရွှေမြေက အမှတ်မထင် တိုက်စစ်ဆင်ကာ ထောင့်ကန်ဘောမှ တစ်ဆင့် ထူးကျော်က ရတနာပုံ နောက်ခံလူများ ရှုတ်နေသည့် ကြားမှ ပွဲအစ ၁မိနစ်အတွင်း ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ရတနာပုံအသင်း ကစားအား ကျမသွားဘဲ ချေပဂိုးရရန် ကြိုးစားခဲ့ပြီး ပွဲချိန်(၈) မိနစ်တွင် အပေးအယူ အချိတ်အဆက် မိမိဖြင့် ရတနာပုံ အသင်း တိုက်စစ်ဆင်ကာ မက်သရူး ချပေးသည့် ဘောလုံးကို ပိုင်စိုး ဆွဲယူ ကန်သွင်းရာ ချေပဂိုးရခဲ့သည်။
ဇေယျာရွှေမြေ အသင်း၏ ရာဇာဝင်းသိန်း၊ ကျော်ကိုကို၊ ထူးကျော်တို့၏ တိုက်စစ်မှာ ပိုမို ကောင်းမွန်ခဲ့ပြီး ရတနာပုံ နောက်တန်းမှ ပက်ထရစ် ဂနိုစီယမ် ပါးနပ်စွာ ဖြတ်ထုတ် နိုင်မှုကြောင့် ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။ ပွဲချိန် ၂၈ မိနစ်တွင် ကျော်ကိုကို ကန်သွင်းသည့် ဘောလုံးကို ဖြိုးကိုကိုလှိုင် ပုတ်ထုတ်ရာ ထူးကျော် ထပ်ဆင့် ကန်သွင်းသော်လည်း ဂိုးဘားတန်းထိ ထွက်ခဲ့သည်။ ၃၅ မိနစ်တွင် ဘာဘို ဂိုးဧရိယာ အပြင်ဘက်မှ အမှတ်မထင် ကန်သွင်းရာ ဂိုးသမား မင်းနိုင် ဖမ်းမိခဲ့သည်။
၃၇ မိနစ်တွင် ခင်မောင်ထွန်း၏ ညာကြောမှ ဖြတ်တင်ဘောကို မက်သရူး ပြန်ချပေးရာ ဘာဘို ကန်သွင်းသော်လည်း မင်းနိုင် ကာကွယ်နိုင်ခဲ့သည်။ ပွဲချိန် ၄၁ မိနစ်တွင် ထွန်းထွန်းဝင်းကို ကြမ်းတမ်းစွာ ကစားခဲ့သော မင်းသူကို ကွင်းလယ် ဒိုင်လူကြီး ဦးဝင်းချိုက အ၀ါကတ်ပြ သတိပေးခဲ့သည်။ ပထမပိုင်းတွင် အပြန်အလှန် ထိုးဖောက် ကစားရင်း တစ်ဂိုးစီ သရေကျနေခဲ့သည်။
ဒုတိယ ပိုင်းတွင် ပွဲမှာ ပိုမို အကြိတ်အနယ် ရှိလာပြီး ၅၇ မိနစ်တွင် ဇေယျာရွှေမြေမှ ကျော်ကိုကို အ၀ါကတ်ပြ ခံခဲ့ရသည်။ ထို့နောက် အပြန်အလှန် ဂိုးသွင်းခွင့်များ ဖန်တီးနိုင်ခဲ့ သော်လည်း ရတနာပုံအသင်းမှ တိုက်စစ်မှူးများ နေရာယူ မမှန်ခြင်း၊ ဇေယျာရွှေမြေမှ ကျော်ကိုကို၊ ထူးကျော်၊ နိုင်စိုးဝေတို့သည် ပက်ထရစ် ဂနိုစီယမ်ကို အလွယ်တကူ မဖြတ်ကျော် နိုင်ခဲ့သောကြောင့် တစ်ဖက်နှင့် တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ မိနစ် ၉၀ ပြည့်လာခဲ့သည်။
နာကျင်အချိန်ပို ၄ မိနစ် ကစားနေချိန်တွင် ရတနာပုံ အသင်းက ဖိကစားခဲ့ပြီး ရုတ်တရက် ရတနာပုံ အသင်းဘက် ပြန်ရောက်လာသော ဘောလုံးကို ရတနာပုံ ဂိုးသမား ဖြိုးကိုကိုလှိုင် ဖမ်းယူကာ ချက်ချင်း ပြန်လည် ကန်တင်ခဲ့သည်။ ယင်းသို့ ကန်တင်ရာတွင် ဂိုးဧရိယာ အပြင်ဘက် ရောက်သွားသည်ဟု စည်းကြပ်ဒိုင်က အချက်ပြရာ ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းချိုက ပြစ်ဒဏ်ဘော သတ်မှတ် ပေးခဲ့သည်။ အဆိုပါပြစ်ဒဏ်ဘောမှ ရာဇာဝင်းသိန်း ဘောလုံးရသွားပြီး ထောင်တင်ပေးရာမှ လူစားဝင်လာသော စည်သူသန်းက ရှုပ်နေသည့်ကြားမှ အနိုင်ဂိုး သွင်းယူ သွားခဲ့သည်။
ဇေယျာရွှေမြေကို ရတနာပုံ ရှုံးနိမ့်သွား သော်လည်း ရတနာပုံ အက်ဖ်စီမှာ MNL အမှတ်ပေး ဇယားကို ဒုတိယ နေရာမှ ဒယ်လ်တာ ယူနိုက်တက် အထက် ၃ မှတ်အပို၊ တစ်ပွဲပို ကစားကာ ဦးဆောင်နေဆဲဖြစ်သည်။ ပွဲစဉ်-၁၂တွင် ဒယ်လ်တာ ယူနိုက်တက်က အနိုင် ၃ မှတ် ရယူနိုင် စေကာမူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ရတနာပုံ အသင်း ဆက်လက် ရပ်တည်နိုင်မည် ဖြစ်သည်။ ရတနာပုံ အသင်းသည် MNL ပွဲစဉ်-၁၃ကို ကမ္ဘောဇ အက်ဖ်စီနှင့် ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၀ရက်နေ့တွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ဂိုးသွင်းသူများ
ရတနာပုံ - ပိုင်စိုး-၈’
ဇေယျာရွှေမြေ - ထူးကျော်-၁’၊ စည်သူသန်း-၉၀’
ဒိုင်လူကြီး - ဦးဝင်းချို
စည်းကြပ်ဒိုင်(၁) - ဦးဟန်သိန်း
စည်းကြပ်ဒိုင်(၂) -ဦးစံဌေး
ရတနာပုံအသင်း
မန်နေဂျာ - မစ္စတာရိုဟန်
နည်းပြ - ဦးဇော်လေးအောင်
အသင်းခေါင်းဆောင် - ခင်မောင်ထွန်း
ပါဝင်ကစားသူများ - ကမ်ဘူး-၃၊ ခင်မောင်ထွန်း - ၇၊ ထွန်းထွန်းဝင်း - ၁၀ (၈၂မိနစ် ရဲဇော်ထက်အောင် - ၁၄)၊ ပိုင်စိုး-၁၁၊ ဂနိုစီယမ်-၁၃၊ အောင်ကျော်မိုး - ၁၉၊ ဘာဘို-၂၅၊ ဖြိုးကိုကိုလှိုင်-၂၇၊ မက်သရူး-၂၈၊ ကလီမန့်-၂၉ (၆၆မိနစ် ချစ်စမ်းမောင်-၁၅)၊ ကျော်ခိုင်ဝင်း-၃၃။
ဇေယျာရွှေမြေအသင်း
မန်နေဂျာ - ဦးမြင့်သိန်း
နည်းပြ - မစ္စတာ စတီဖင်ဟန်ဆန်
အသင်းခေါင်းဆောင်-ဇော်လင်းထွန်း-၂
ပါဝင်ကစားသူများ - မင်းသူ-၂၊ ဇော်လင်းထွန်း(၂)-၃၊ ထူးကျော်-၉(၆၈မိနစ် စည်သူသန်း-၈)၊ ရာဇာဝင်းသိန်း-၁၀၊ ကျော်ကိုကို-၂၂(၈၅မိနစ် မျိုးကျော်-၃၆)၊ ကျော်ဇင်ဝင်း-၂၅၊ နိုင်စိုးဝေ-၂၇(၆၂မိနစ် အောင်ကိုကိုဝင်း-၁၄)၊ ၀ီလီယံ-၂၉၊ မင်းနိုင်-၃၀။







