ရတနာပုံ အက်ဖ်စီ - ရန်ကုန် ယူနိုက်တက် ပွဲကို မန္တလေး ပရိသတ် ၂၀၀၀ခန့် လာရောက် အားပေးမည်

Attention: open in a new window. Print

၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၇ရက်နေ့တွင် ရတနာပုံ အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားမည့် ၂၀၀၉-၁၀ မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲကို မန္တလေးမှ ပရိသတ် ၂၀၀၀ခန့် လာရောက် ကြည့်ရှုကြမည် ဖြစ်သည်။ မန္တလေးမှ ပရိသတ်များ ရန်ကုန်သို့ အဆင်ပြေ ချောမွေ့စွာ လာရောက် အားပေးနိုင်ရန် အတွက် ရတနာပုံ အက်ဖ်စီမှ တွဲ(၁၇)တွဲ ပါဝင်သော အထူးရထား တစ်စီး စီစဉ်ပေးထားသည်။

အသင်းမှ စီစဉ်ပေးသော အထူးရထားဖြင့် ပရိသတ် ၁၅၀၀ လိုက်ပါကာ ၁၆-၀၁-၂၀၁၀ ရက်နေ့ ည(၈း၀၀) နာရီတွင် မန္တလေးမြို့မှ ထွက်ခွာ၍ ၁၇-၀၁-၂၀၁၀ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။ ရတနာပုံ အက်ဖ်စီမှ ပရိသတ်များအတွက် ရတနာပုံ အသင်း၏ အနီရောင် အင်္ကျီ အထည် (၁၀၀၀၀)၊ ရတနာပုံ အက်ဖ်စီ အနီရောင် ဦးထုပ် (၅၀၀၀)ကို ပေးဝေသွားမည် ဖြစ်သည်။

ရတနာပုံ - ရန်ကုန် ယူနိုက်တက် ပွဲစဉ်ကို အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတူ အေအက်ဖ်စီမှ တာဝန်ရှိသူများ လာရောက် ကြည့်ရှုမည် ဖြစ်ရာ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ပရိသတ်များ အချင်းချင်း ခိုက်ရန် မဖြစ်ကြစေရန် အသေးစိတ် စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ထားသကဲ့သို့ အန္တရာယ် ကင်းစွာ အားပေး နိုင်ရေးအတွက် လုံခြုံရေး အစီအစဉ်များ စနစ်တကျ ဆောင်ရွက် ပေးထားသည်။



MNL ပြိုင်ပွဲ၌ ရတနာပုံ အက်ဖ်စီ၏ ပွဲစဉ်တစ်ခုတွင် VIP ထိုင်ခုံများပေါ်မှ အားပေးနေသော ရတနာပုံ အက်ဖ်စီ ပရိသတ်များကို တွေ့ရစဉ်။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain