ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
နောက်ဆုံးပွဲတွင် ရန်ကုန် ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့သော်လည်း MNL အမှတ်ပေး ချန်ပီယံဘွဲ့ ခံယူနိုင်ခဲ့သော ရတနာပုံ အက်ဖ်စီ
Monday, 18 January 2010 09:31
ရတနာပုံ အက်ဖ်စီသည် ၂၀၁၀ခုနှစ် ဇန်န၀ါရီလ (၁၇)ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ရန်ကုန် ယူနိုက်တက် အသင်းနှင့် MNL Grand Royal 2009 နောက်ဆုံးပွဲစဉ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ ၂-၀ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သော်လည်း အမှတ်ပေး ချန်ပီယံဘွဲ့ ခံယူခဲ့သည်။ ပထမပိုင်း အစတွင် ရန်ကုန် ယူနိုက်တက် အသင်းက လျှင်မြန်စွာ တိုက်စစ်ဆင် ကစားခဲ့သောကြောင့် ပွဲချိန် ၂ မိနစ်၌ ရတနာပုံ ဂိုးသမား ယဉ်မင်းအောင်၏ အမှားမှ တဆင့် ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကိုနေးက အနီးကပ် ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုး ရပြီးနောက် ရန်ကုန် ယူနိုက်တက် အသင်းကပင် ဆက်လက် ဖိအားပေး ကစားနိုင်ခဲ့ကာ ပထမပိုင်း ပြီးရန် ၁ မိနစ် အလိုတွင် ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကိုနေးကို ရတနာပုံ ဘယ်နောက်ခံလူ ချစ်စမ်းမောင် မထိန်းနိုင်ဘဲ လွတ်သွားခဲ့သည်။
ကိုနေး ဘယ်တောင်ပံမှ မတင်ပေးသည့် ဘောလုံးကို ဂီလ်ဒက်စ်က ရတနာပုံ ဂိုးသမား ယဉ်မင်းအောင်၏ ဘယ်ဘက် အောက်ထောင့်ထဲသို့ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်နိုင်ခဲ့သောကြောင့် ရန်ကုန် ယူနိုက်တက် ဒုတိယဂိုး ရကာ ပထမပိုင်း အပြီးတွင် ရတနာပုံ အက်ဖ်စီကို ၂-၀ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် ရတနာပုံ တိုက်စစ်မှူး ရန်ပိုင်အစား ပိုင်စိုး ၀င်ရောက် ကစားခဲ့သည်။ ရတနာပုံ အသင်း ချေပဂိုးရရန် ကစားအား တင်လာခဲ့သောကြောင့် ပွဲက အကြိတ်အနယ် ရှိလာခဲ့သည်။ ဒုတိယပိုင်း တစ်ပိုင်းလုံးနီးပါး ရတနာပုံ အသင်းက တိုက်စစ်ဆင် ကစားခဲ့သော်လည်း ရန်ကုန် ယူနိုက်တက် နောက်တန်းကို ထိထိရောက်ရောက် ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိသောကြောင့် မိနစ် ၉၀ ပြည့်ပြီးနောက် နာကျင် အချိန်ပို ၄ မိနစ် ပြီးသည်အထိ ဂိုးမသွင်းနိုင်ဘဲ ပွဲအပြီးတွင် ၂-၀ဂိုးဖြင့် ရတနာပုံ အသင်း ရှုံးနိမ့်ခဲ့သည်။
ရတနာပုံ အက်ဖ်စီသည် MNL နောက်ဆုံးပွဲတွင် ရန်ကုန် ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့သော်လည်း MNL Grand Royal 2009 ချန်ပီယံ ဖလားကို ဒုတိယနေရာမှ ဒယ်လ်တာ ယူနိုက်တက်ကို ၃မှတ်အသာ ရမှတ် ၂၉မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်ကာ ဗိုလ်စွဲနိုင်ခဲ့သည်။

ကွင်းလယ်ဒိုင်လူကြီး - Mr.Sura Sriart
စည်းကြပ်ဒိုင်(၁) - Mr.Wirote Onkoke
စည်းကြပ်ဒိုင်(၂) - Mr.Manop Pansakorn
အရန်ဒိုင်လူကြီး - ဦးလှတင့်
ပြိုင်ပွဲကြီးကြပ်သူ - ဦးရဲထွဋ်တင့်
ဒိုင်ကြီးကြပ်သူ - ဦးထွန်းလှအောင်
ရန်ကုန် ယူနိုက်တက် အသင်း
မန်နေဂျာ-ဦးအောင်ကျော်လွင်
နည်းပြ-ဦးမျိုးလှိုင်ဝင်း
အသင်းခေါင်းဆောင်-မျိုးမင်းထွန်း
ပါဝင်ကစားသူများ - အောင်အောင်ဦး(၁)ဂိုး၊ ဌေးအောင်(၅)၊ စိုးလင်းထွန်း(၆)၊ မျိုးမင်းထွန်း(၁၄)၊ ဘန်ယိုးလက်(၁၆)၊ ဂီးလ်ဒက်စ်(၁၉)၊ ရွှေလှိုင်ဝင်း(၂၀)၊ ဟန်ဆန်(၂၆)၊ ဘမ်ဘာ(၂၇)၊ ကိုနေး(၂၈)။
ရတနာပုံ အက်ဖ်စီ
မန်နေဂျာ-မစ္စတာ ရိုဟန်
နည်းပြ-ဦးဇော်လေးအောင်
အသင်းခေါင်းဆောင်-ပက်ထရစ် ဂနိုစီယမ်
ပါဝင်ကစားသူများ - ယဉ်မင်းအောင်(၁)ဂိုး၊ ကမ်ဘူး(၃)၊ ရန်ပိုင်(၉)-(၄၆ မိနစ်တွင် ပိုင်စိုး ၁၁ ၀င်ကစား)၊ ထွန်းထွန်းဝင်း(၁၀)၊ ဂနိုစီယမ်(၁၃)၊ ရဲဇော်ထက်အောင်(၁၄)၊ ချစ်စမ်းမောင်(၁၅)၊ အောင်ကျော်မိုး(၁၉)၊ ဘာဘို(၂၅)၊ မက်သရူး(၂၈)၊ ကျော်ခိုင်ဝင်း(၃၃)-(၅၆ မိနစ်တွင် အေးမိုး ၂၄ ၀င်ကစား)။







