ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
MNL Grand Royal 2009 ချန်ပီယံ ရတနာပုံ အသင်း မန္တလေးမြို့တွင် အောင်ပွဲခံမည်
Tuesday, 19 January 2010 17:34
MNL Grand Royal 2009 ချန်ပီယံ ရတနာပုံ အသင်းသည် မန္တလေးမြို့တွင် လှည့်လည် အောင်ပွဲခံကာ MNL Grand Royal 2009 ချန်ပီယံ ဆုဖလားကို မြို့မိမြို့ဖထံ အပ်နှံမည် ဖြစ်သည်။ အောင်ပွဲရ ရတနာပုံ အသင်းသားများအား ဂုဏ်ပြု ဖျော်ဖြေပွဲကိုလည်း ရတနာပုံ အသင်း၏ အောင်မြေ မန္တလာ ကစားကွင်းတွင် ပြုလုပ်သွားမည် ဖြစ်သည်။ရတနာပုံ အသင်းသား အချို့သည် မန္တလေးမြို့တွင် အောင်ပွဲခံရန် ၁၉-၀၁-၂၀၁၀ရက် ည ၇း၀၀ နာရီတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာပြီး ၂၀-၀၁-၂၀၁၀ရက်နေ့ မနက် အစောပိုင်းတွင် မန္တလေးမြို့သို့ ရောက်ရှိမည် ဖြစ်သည်။ ရတနာပုံ အသင်းသား အချို့မှာ ၂၀-၀၁-၂၀၁၀ ရက်နေ့ မနက်ပိုင်း လေယာဉ်ဖြင့် မန္တလေးသို့ ထွက်ခွာပြီး လေဆိပ်တွင် ကျောက်ဆည် ခရိုင်မှ ရတနာပုံ ပရိသတ်များ၊ မန္တလေး ပရိသတ်များက အခမ်းအနားဖြင့် ကြိုဆိုကြမည် ဖြစ်သည်။
ထို့နောက် ၂၀-၀၁-၂၀၁၀ ရက်နေ့တွင်ပင် မန္တလေး မြို့တွင်းသို့ လှည့်လည် အောင်ပွဲခံကြမည် ဖြစ်သည်။ ၂၁-၀၁-၂၀၁၀ရက်နေ့ ညတွင် အောင်မြေသာဇံ မြို့နယ်ရှိ ရတနာပုံ အသင်း၏ အောင်မြေ မန္တလာ ကစားကွင်း အတွင်း၌ MNL Grand Royal 2009 ဆုဖလားကို မြို့မိ၊ မြို့ဖများထံ အပ်နှံပွဲနှင့် ဂုဏ်ပြု ဖျော်ဖြေပွဲ ပြုလုပ်မည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင် ရတနာ၊ ရည်မွန်၊ ကောင်းမြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ ရေဗက္ကာဝင်း၊ ဆုပန်ထွာ၊ ဘုန်းလျှံ၊ John၊ ချစ်သုဝေ၊ ဟေမာနေ၀င်း၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်း၊ ညီနန္ဒ၊ Jacksonထွန်းတို့အပြင် အခြား အနုပညာရှင် များစွာ ပါဝင်မည်ဟု သိရသည်။
မန္တလေးမြို့တွင် အောင်ပွဲခံရန် သွားရောက်မည့် ရတနာပုံ အသင်းသားများ
၁။ မစ္စတာ ရိုဟန် (အသင်း မန်နေဂျာ)၊ ၂။ ဦးဇော်လေးအောင် (နည်းပြချုပ်)၊ ၃။ဦးအောင်ကျော်ထူး (ဂိုးနည်းပြ)၊ ၄။ ဦးစိုးလင်း (အသင်း ဆရာဝန်)၊ ၅။ ခင်မောင်ထွန်း (အသင်းခေါင်းဆောင်)၊ ၆။ ရန်ပိုင်၊ ၇။ အောင်ကျော်မိုး၊ ၈။ ထွန်းထွန်းဝင်း၊ ၉။ ပိုင်စိုး၊ ၁၀။ ကျော်ခိုင်ဝင်း၊ ၁၁။ ကျော်ဇေယျာမင်း၊ ၁၂။ ကျော်ဇေယျာဝင်း၊ ၁၃။ ယဉ်မင်းအောင်၊ ၁၄။ သူရိန်စိုး၊ ၁၅။ ထွန်းမင်းနိုင်၊ ၁၆။ ထက်နိုင်ဝင်း၊ ၁၇။ အောင်မျိုး၊ ၁၈။ ရဲဇော်ထက်အောင်၊ ၁၉။ အောင်ဘိုဘိုဝင်း၊ ၂၀။ ထက်ကျော်သူဝင်း၊ ၂၁။ အေးမိုး၊ ၂၂။ ချစ်စမ်းမောင်၊ ၂၃။ မင်းနောင်ဦး၊ ၂၄။ အောင်မျိုးလွင်၊ ၂၅။ နေဇော်ဝင်း၊ ၂၆။ အောင်ချမ်းမိုး၊ ၂၇။ ဇော်လင်းအောင်၊ ၂၈။ ဖြိုးကိုကိုလှိုင်၊ ၂၉။ မောင်သန့်၊ ၃၀။ မိုးမြင့်သူ၊ ၃၁။ သက်ပိုင်စိုး၊ ၃၂။ ကိုနေး၊ ၃၃။ ဘာဘို၊ ၃၄။ ဂနိုစီယမ်၊ ၃၅။ ကမ္ဘူး၊ ၃၆။ ကလီးမန့်၊ ၃၇။ မက်သရူး။







