ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ရတနာပုံ တိုက်စစ်မှူး ရန်ပိုင် MNL Grand Royal 2009 အကောင်းဆုံး ကစားသမားဆု ရရှိ
Thursday, 21 January 2010 09:45
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပခဲ့သော MNL Grand Royal 2009 ဆုပေးပွဲ အခမ်းအနားကို ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၉ရက်နေ့ ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၊ Ball Room တွင် ပြုလုပ်ခဲ့သည်။အခမ်းအနားသို့ MNL Grand Royal 2009 ပြိုင်ပွဲဝင် အသင်း(၈)သင်းမှ အသင်းပိုင်ရှင်များ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ အားကစားသမားများ၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မီဒီယာများ၊ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် ဖီဖာမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာ စကား ပြောကြားကာ ဆုရ အသင်းများ၊ ဆုရရှိသူများကို တာဝန် ရှိသူများက ဆုများ ချီးမြှင့်ပေးအပ် ခဲ့ကြသည်။
ပထမဦးစွာ MNL Reserve Team Competition ပြိုင်ပွဲ၌ ပထမ ရရှိခဲ့သော ရန်ကုန် ယူနိုက်တက် အရန် အသင်းနှင့် ဒုတိယ၊ တတိယ ရရှိခဲ့သော အသင်းတို့ကို ဆုချီးမြှင့် ခဲ့သည်။ ထို့နောက် ဆုများ ဆက်လက် ချီးမြှင့်ခဲ့ရာ အသန့်ရှင်းဆုံး ဆုကို ဆောက်သမ်း မြန်မာ အက်ဖ်စီ အသင်းက လည်းကောင်း၊ MNL Grand Royal 2009 တတိယဆု ငွေကျပ် သိန်း ၂၀၀ကို ရှမ်းပြည်နယ် ကိုယ်စားပြု ကမ္ဘောဇ အက်ဖ်စီက လည်းကောင်း၊ MNL Grand Royal 2009 ဒုတိယဆု ငွေကျပ် သိန်း ၃၀၀ကို ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက် အက်ဖ်စီက လည်းကောင်း၊ MNL Grand Royal 2009 ချန်ပီယံဆု ငွေကျပ် သိန်း ၅၀၀ကို မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ အက်ဖ်စီက လည်းကောင်း အသီးသီး လက်ခံ ရယူခဲ့ကြသည်။
တစ်ဦးချင်းဆုများ ဆက်လက် ချီးမြှင့်ခဲ့ရာ MNL Grand Royal 2009 အကောင်းဆုံး ကွင်းလယ် ဒိုင်လူကြီးဆုကို ဦးဝင်းချို၊ အကောင်းဆုံး စည်းကြပ်ဒိုင် ဆုကို ဦးတင်ထွဋ်၊ MNL Grand Royal 2009 Special Awardကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးစိုးမိုးကျော်နှင့် ဒေါ်မြတ်မြတ်ဦး၊ အကောင်းဆုံး လူငယ်ကစား သမားဆုကို ရန်ကုန် ယူနိုက်တက် နောက်ခံလူ ရွှေလှိုင်ဝင်း၊ ဂိုးသွင်း ဘုရင်ဆုကို ကမ္ဘောဇ တိုက်စစ်မှူး စိုးမင်းဦးတို့က ရရှိခဲ့ကြသည်။

၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၉ရက်နေ့ ညက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၊ Ball Room တွင် ပြုလုပ်ခဲ့သော MNL Grand Royal 2009 ဆုပေးပွဲ အခမ်းအနားတွင် အကောင်းဆုံး ကစားသမားဆုရ ရတနာပုံ တိုက်စစ်မှူး ရန်ပိုင်(လယ်)၊ ဒုတိယဆုရ ရန်ကုန် ယူနိုက်တက် ကွင်းလယ် ကစားသမား မျိုးမင်းထွန်း(၀ဲ)နှင့် တတိယဆုရ ကမ္ဘောဇ အက်ဖ်စီ နောက်ခံလူ မိုးဝင်း(ယာ)တို့ကို ဆုယူအပြီး အတူတွေ့ရစဉ်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် MNL Grand Royal 2009 အကောင်းဆုံး ကစားသမားဆုပေးရန် အသင်း(၈)သင်းမှ ကစားသမား (၅)ယောက်စီ စုစုပေါင်း ၄၀ ဦး ပဏာမ ရွေးချယ်၍ အသင်း(၈)သင်းမှ နည်းပြ အဖွဲ့ဝင်များ၊ နည်းစနစ် ဒါရိုက်တာ အဖွဲ့ဝင်များကို ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး ဟူ၍ (၃)ဦးရွေးချယ်စေခဲ့ရာ ပထမ ဦးစားပေး အဖြစ် ရတနာပုံ တိုက်စစ်မှူး ရန်ပိုင်က အများဆုံး ရွေးချယ် ခံရသောကြောင့် MNL Grand Royal 2009 အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည်။ ဒုတိယ ဦးစားပေး အဖြစ် ရန်ကုန် ယူနိုက်တက် ကွင်းလယ် ကစားသမား မျိုးမင်းထွန်း၊ တတိယ ဦးစားပေး အဖြစ် ကမ္ဘောဇ အက်ဖ်စီ နောက်ခံလူ မိုးဝင်းတို့က အများဆုံး ရွေးချယ်ခံကြရသည်။
အကောင်းဆုံး ကစားသမားဆုရ ရန်ပိုင်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က နှုတ်ဆက်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။







