ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
AFC President’s Cup 2010 အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုခြင်းရှိ/မရှိ ရတနာပုံအက်ဖ်စီသို့ အာရှဘောလုံးအဖွဲ့ချုပ်က မေးမြန်းအကြောင်းကြား
Tuesday, 02 February 2010 10:28
အာရှ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂၀၁၀ခုနှစ် မေလ(၆)ရက်မှ (၁၆)ရက်နေ့အထိ ကျင်းပသွားမည့် AFC President’s Cup 2010 ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုခြင်း ရှိ/မရှိ အာရှ ဘောလုံး အဖွဲ့ချုပ်က မေးမြန်းလာကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အာရှဘောလုံးအဖွဲ့ချုပ်၏ မေးမြန်း အကြောင်းကြားစာ နှင့်တကွ ရတနာပုံအက်ဖ်စီသို့ အကြောင်းကြားလာခဲ့သည်။မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အကြောင်းကြားစာတွင် `AFC Presidednt’s Cup 2010 ပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကလပ်အသင်း တစ်သင်း ပါဝင်ယှဉ်ပြိုင်ရန် အာရှ ဘောလုံး အဖွဲ့ချုပ်က ဖိတ်ကြား လာကြောင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် အတွက် MNL Cup Grand Royal 2009 ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲခဲ့သော ရတနာပုံအက်ဖ်စီမှာ ပါဝင်ယှဉ်ပြိုင်ရန် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအရ ကိုက်ညီမှုရှိသောကြောင့် ရွေးချယ် ထားပြီး ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုခြင်း ရှိ/မရှိနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုခြင်း ရှိ/မရှိကို သတ်မှတ်ရက်အတွင်း အာရှဘောလုံးအဖွဲ့ချုပ်သို့ ပြန်ကြားရန် မေးမြန်းအကြောင်းကြားလာသည်´ဟု ပါရှိသည်။
အေအက်ဖ်စီမှ ပေးပို့သော စာတွင်`ပြိုင်ပွဲဝင်ရန် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် ပြိုင်ပွဲဝင်မည့် ကလပ်ဥက္ကဋ္ဌတို့၏ သဘောတူလက်မှတ်ပါရှိသော PTAကို အာရှဘောလုံးအဖွဲ့ချုပ်သို့ ပေးပို့ရန်၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အ၀တ်လဲခန်း(၂)ခန်းမှ (၄)ခန်းပါသော ကစားကွင်း(၂)ကွင်း၊ လေ့ကျင့်ရေးကွင်း (၄)ကွင်း၊ အာရှဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် ဧည့်သည်အသင်းများ တည်းခိုရမည့် နေရာတို့ကို စီစဉ်တင်ပြရမည်´ဟု ပါရှိသည်။ အထက်ပါ ကိစ္စအား ရတနာပုံအက်ဖ်စီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့အနေဖြင့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ နောက်ဆုံးထားကာ အာရှဘောလုံးအဖွဲ့ချုပ်ထံသို့ အကြောင်းပြန်ကြားရမည် ဖြစ်သည်။
AFC President’s Cup ပြိုင်ပွဲကို ၂၀၀၅ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၀၇ခုနှစ် အထိ တာဂျီ ကစ္စတန်၊ နီပေါ၊ တရုတ်(တိုင်ပေ)၊ ဘူတန်၊ ကာဂျစ္စတန်၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီယား နိုင်ငံတို့မှ ကလပ် အသင်း (၈)သင်းဖြင့် ပြိုင်ပွဲ ကျင်းပ ခဲ့သော်လည်း ၂၀၀၈ခုနှစ်မှ စ၍ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တာမီနစ္စတန် (၃)နိုင်ငံမှ ကလပ်များပါ ဖိတ်ခေါ် ယှဉ်ပြိုင်စေခဲ့ရာ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၁)သင်း ဖြစ်လာခဲ့သည်။ ယမန်နှစ်က မြန်မာ နိုင်ငံမှ ကမ္ဘောဇ အက်ဖ်စီ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။
AFC President’s Cup ပြိုင်ပွဲသည် အာရှ ဒေသတွင်း၌ အောင်မြင်လာသော ကလပ်အသင်း ပြိုင်ပွဲတစ်ခု ဖြစ်လာပြီး ၂၀၁၁နှင့် ၂၀၁၂ ခုနှစ်တို့တွင် ပြိုင်ပွဲဝင် အသင်း(၁၂)သင်းအထိ တိုးမြှင့် ယှဉ်ပြိုင် သွားမည်ဟု သိရသည်။ ထပ်တိုးမည့် ကလပ်မှ ဘရူနိုင်း၊ အရှေ့တီမော၊ လာအို၊ ဖိလစ်ပိုင်၊ ဂူအမ်၊ မကာအို၊ မွန်ဂိုလီးယား၊ မြောက်ကိုရီးယား၊ ပါလက်စတိုင်းနှင့် အာဖဂန် နစ္စတန် နိုင်ငံတို့မှ ရွေးချယ်မည် ဖြစ်သည်။







