ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ပွဲတစ်ပွဲမှာ ဂိုးသမားကောင်းရင် သရေနဲ့အရှုံး၊ တိုက်စစ်ပါကောင်းမှ အနိုင်ဆိုတာရှိလာမှာ-ယဉ်မင်းအောင်
Saturday, 06 February 2010 18:41
ရတနာပုံ အက်ဖ်စီ ဂိုးသမား ယဉ်မင်းအောင်က ပွဲတစ်ပွဲ ယှဉ်ပြိုင်ရာတွင် အသင်းတစ်သင်း၌ ဂိုးသမား၏ အခန်းကဏ္ဍ မည်မျှအရေးပါကြောင်း၊ ဂိုးသမားကောင်း တစ်ယောက် ဖြစ်ရန် လိုအပ်ချက်များကို ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။"အသင်း တစ်သင်းမှာ ဂိုးသမားက အခြား ကစားသမား တွေထက် တာဝန်ပိုကြီးပါတယ်။ အမှားလုပ်လို့ မရပါဘူး။ ရှေ့တန်းက ဘောလုံးလွတ်သွားရင် အလယ်တန်းကစားသမားတွေ ရှိနေသေးတယ်။ အလယ်တန်း မှားရင် နောက်တန်း ခံစစ်သမားတွေ ရှိတယ်။ နောက်တန်းက မှားဦးတော့ နောက်မှာ ဂိုးသမားရှိနေသေးတယ်။ ဂိုးသမား မှားရင်တော့ နောက်မှာ ဂိုးပဲရှိတော့တယ်။ မှားတာကတော့ အားလုံး မှားကြတာပဲ။ ကမ္ဘာကျော် ဂိုးသမားကြီးတွေလည်း မှားတာပဲ။ ဒါပေမယ့် အမှားနည်းအောင် လုပ်ရမယ်။ တစ်ခုရှိတာက ဂိုးသမား ကောင်းရုံနဲ့တော့ အနိုင်၊ အရှုံး မဖြစ်ပါဘူး။ ပွဲတစ်ပွဲမှာ ဂိုးသမား ကောင်းပြီဆိုရင် သရေနဲ့ အရှုံးလို့ တွက်လို့ရတယ်။ တိုက်စစ်က ဂိုးသွင်းနိုင်မှ အနိုင်ရလဒ် ထည့်တွက်လို့ ရပါလိမ့်မယ်။ ပြီးတော့ အရှုံး၊ အနိုင် ရလဒ်ကလည်း ဂိုးသမားနဲ့ချည်း ဆိုင်တယ်လို့ မပြောနိုင်ပါဘူး။ အချို့ပွဲတွေမှာ အသင်းက ရှုံးပြီး ဂိုးသမားက လက်စွမ်းပြနိုင်တာတွေ ရှိပါတယ်”ဟု ယဉ်မင်းအောင်က ရတနာပုံ အက်ဖ်စီဝက်ဘ်ဆိုဒ်သို့ ပြောကြားသွားခဲ့သည်။

၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၇ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးကွင်း၌ ရန်ကုန် ယူနိုက်တက် အသင်းနှင့် MNL Grand Royal 2009 နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားသော ပွဲအပြီးတွင် ရတနာပုံ အက်ဖ်စီ ဂိုးသမား ယဉ်မင်းအောင်ကို MNL Grand Royal 2009 ချန်ပီယံ ဖလားနှင့်အတူ တွေ့ရစဉ်။
“ဂိုးသမားကောင်း တစ်ယောက် ဖြစ်ဖို့ အခြေခံသဘောတရား နားမလည်ဘဲ ဘာမှ လုပ်လို့မရပါဘူး။ အတွေ့အကြုံကလည်း အရေးကြီးပါတယ်။ ပွဲအတွေ့အကြုံ နည်းရင် အမှားများတတ်တယ်။ အခု မြန်မာနေရှင်နယ် လိဂ်မှာ ငယ်ရွယ်တဲ့ ဂိုးသမားတွေ ရှိပါတယ်။ အခြေခံ မပိုင်ဘဲ ဂိုးဖမ်းတယ်။ အတွေ့အကြုံက မရှိတော့ တကယ့် အခက်အခဲတွေကို မဖြေရှင်းနိုင်ဘူး။ ပရိုပြောင်းတယ်ဟေ့ဆိုတာနဲ့ ပရိုဂိုးသမား ဖြစ်လာရုံပဲရှိပါတယ်။ ကြိုးစား အားထုတ်မှလည်း ဂိုးသမားကောင်း ဖြစ်လာမှာပါ။ ဂိုးသမားဆိုတာ အမြဲပြေးနေရတဲ့ ကစားသမားတွေလို မဟုတ်ပါဘူး”ဟု ယဉ်မင်းအောင်က ထပ်လောင်း ပြောကြားခဲ့သည်။

၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁၇ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်အားကစား လေ့ကျင့်ရေးကွင်း၌ ရန်ကုန် ယူနိုက်တက် အသင်းနှင့် MNL Grand Royal 2009 နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားသော ပွဲတွင် ရတနာပုံ အက်ဖ်စီ ဂိုးသမား ယဉ်မင်းအောင်၏ ရင်ခွင်ပိုက်ဘောလုံး ခုန်ဖမ်းဟန်ကို တွေ့ရစဉ်။
အသက် ၂၈နှစ်ရှိ ယဉ်မင်းအောင်သည် AFC Challenge Cup 2010 ပြိုင်ပွဲဝင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းတွင် နောက်ဆုံးမှ ရွေးချယ်ခံရသော်လည်း အူဆန်တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ၎င်းနေရာ၌ လက်ရွေးအသင်းတွင် စမ်းသပ်လေ့ကျင့်ခြင်း မရှိသော ရန်ကုန် ယူနိုက်တက် ဂိုးသမား အောင်အောင်ဦးနှင့် အစားထိုးခံခဲ့ရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ “အဲဒီပွဲကျမှ ဒရာဂိုမာမစ်ရဲ့ နောက်တန်းနဲ့ ကျွန်တော် တွဲခဲ့ရတာပါ။ ဆေးထိုးထားတဲ့ ဒူးဒဏ်ရာကလည်း အားရမှု မရှိသေးပါဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း လက်စွမ်းမပြနိုင်ခဲ့တာကြောင့် ဂိုးတွေပေးခဲ့ရတယ်။ နောက်တန်း ကစားသမားတွေနဲ့ နားလည်မှု လွဲခဲ့တာလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံတစ်ခု ခေါ်ပေးတယ်လို့ပဲ သဘောထားပါတယ်။ နည်းပြ အဖွဲ့တွေက ကျွန်တော့်ထက် ကောင်းတဲ့သူတွေလို့ သတ်မှတ်ပြီး ရွေးသွားတာပဲ။ ဘာမှ ပြောစရာ မရှိပါဘူး။ ဒီကာလမှာ ဒဏ်ရာကို အရှင်းပျောက်သွားအောင် အနားယူနေပါတယ်”ဟု ယဉ်မင်းအောင်က ရှင်းလင်းပြောကြားခဲ့သည်။







