AFC President’s Cup ပြိုင်ပွဲ အုပ်စု (ဂ)တွင် တာမီနစ္စတန်၊ ဘူတန် ကလပ်များနှင့် အိမ်ရှင် ရတနာပုံ အသင်း ယှဉ်ပြိုင်ရမည်

Attention: open in a new window. Print

၂၀၁၀ခုနှစ် အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့် ရရှိထားသော ရတနာပုံ အက်ဖ်စီသည် ယင်းပြိုင်ပွဲတွင် အုပ်စု(ဂ)၌ တာမီနစ္စတန်၊ ဘူတန်တို့မှ ကလပ် အသင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရတနာပုံ အက်ဖ်စီအား ၂၀၁၀ခုနှစ် မတ်လ ၄ရက်နေ့က အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ပြီး မတ်လ ၅ရက်နေ့က အုပ်စု မဲခွဲခဲ့ခြင်း ဖြစ်သည်။ ရတနာပုံ အက်ဖ်စီက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အုပ်စု(ဂ)တွင် ရတနာပုံ အက်ဖ်စီ၊ တာမီ နစ္စတန် လိဂ်ချန်ပီယံ ITTU အသင်း၊ ဘူတန်ကလပ် ဒရက်စတားစ် အသင်းတို့ ပါဝင်ရာ (၃)သင်တည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စု (က)တွင် အိမ်ရှင် ဘင်္ဂလားဒေ့ရှ် ကလပ် အဘာဟာနီ၊ ကာဂျီစတန် ကလပ် ဒေါ်ဒွိုင်း ဒိုင်နမို၊ နီပေါမှ Nepal Police Club၊ တရုတ် တိုင်ပေမှ Kaohsiung City Yaoti အသင်းတို့ ပါဝင်သည်။ ဒေါ်ဒွိုင်း ဒိုင်နမိုသည် ၂၀၀၆၊ ၂၀၀၇ခုနှစ် တို့က AFC President’s Cup ချန်ပီယံ ဖြစ်ခဲ့သည်။


၂၀၁၀ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲဝင် အသင်းများကို ကမ္ဘာကျော် ၀က်ဘ်ဆိုဒ် ၀ီကီပီဒီယာက ဖော်ပြထားစဉ်။

လက်ရှိ ချန်ပီယံ ကလပ်ဖြစ်သော Regar TardAZ သည် ယမန်နှစ်က တာဂျီကစ္စတန် လိဂ်တွင် ဒုတိယ နေရာသာ ရခဲ့သောကြောင့် ပါဝင်ခွင့် မရဘဲ ချန်ပီယံ ဖြစ်ခဲ့သည့် FC Vakhsh အသင်းသာ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။ အုပ်စု (ခ)တွင် FC Vakhsh အသင်း၊ ကမ္ဘောဒီးယား ကလပ် နာဂါကော့၊ ပါကစ္စတန် ကလပ် Khan Research Laboratories နှင့် သီရိလင်္ကာ ကလပ် Renown Sports Club တို့ ပါဝင်သည်။
အုပ်စု (၃)စုမှ အုပ်စု ပထမ (၃)သင်းနှင့် အကောင်းဆုံး ဒုတိယ အသင်းတို့သည် ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အုပ်စုအဆင့် ပြိုင်ပွဲများကို မေလ (၆)ရက်မှ (၁၆)ရက်အတွင်း ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာ လတွင် ကျင်းပမည် ဖြစ်သည်။

“ဒေါ်ဒွိုင်း အသင်းက အင်းအား တောင့်တင်းတယ် ဆိုပေမယ့် အသင်းတိုင်းမှာ အခွင့်အရေး ရှိပါတယ်။ အဘာဟာနီ ကလပ်ဆိုရင် အိမ်ရှင် အခွင့်အရေး ရှိတာပဲ။ Vakhsh အသင်းကလည်း အားကောင်းတဲ့ အသင်းပါပဲ။ ဒါပေမယ့် အုပ်စု (ခ)ရဲ့ အိမ်ရှင် အသင်းကို ကျွန်တော်တို့ မရွေးချယ် ရသေးပါဘူး။ မြန်မာနိုင်ငံရဲ့  ပရော်ဖက်ရှင်နယ် လိဂ်က တဟုန်ထိုး အောင်မြင်လာတယ်။ မြန်မာ ကလပ်တွေ အားကောင်းတယ်။ ရတနာပုံ အသင်းဟာ ဒီပြိုင်ပွဲကို အိမ်ရှင် အဖြစ် ကျင်းပခွင့် ရတဲ့အတွက် ဒီပြိုင်ပွဲမှာ အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်စေ ပါလိမ့်မယ်” ဟု အာရှ ဘောလုံး အဖွဲ့ချုပ်မှ ပြိုင်ပွဲ ကျင်းပရေး ဒါရိုက်တာ Tokuaki Suzukiက ပြောကြားခဲ့သည်။


၂၀၁၀ခုနှစ် မတ်လ (၅)ရက်နေ့က အာရှဘောလုံး အဖွဲ့ချုပ် ရုံးစိုက်ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော ၂၀၁၀ အာရှဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲတွင် တွေ့ရသော ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ Tokuaki Suzuki။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain