MNL 2010 အဖွင့် ပွဲစဉ်တွင် ပြင်ဆင်မှု အားကောင်းသော ဇေယျာရွှေမြေ အသင်းနှင့် ချန်ပီယံ ရတနာပုံ အသင်း ထိပ်တိုက်တွေ့

Attention: open in a new window. Print

MNL Grand Royal 2010 ပွဲစဉ်ဇယား မဲနှိုက်ရေးဆွဲခြင်းနှင့် စပွန်ဆာများအား စားချုပ်,ချုပ်ဆိုသည့် အခမ်းအနားကို ၂၀၁၀ခုနှစ် မတ်လ (၆)ရက်နေ့ ညက ရန်ကုန်မြို့၊ Chatrium ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ လက်ရှိ ချန်ပီယံ ရတနာပုံ အက်ဖ်စီသည် ပြင်ဆင်မှု အားကောင်းသော စစ်ကိုင်းတိုင်း ကျုယ်စားပြု ဇေယျာရွှေမြေ အက်ဖ်စီနှင့် ပွဲဦးထွက်အဖြစ် ထိပ်တိုက် တွေ့ဆုံနေသည်။

အဆိုပါ ပွဲစဉ်ကို ၂၀၁၀ခုနှစ် မြန်မာ နေရှင်နယ်လိဂ် ပထမဆုံး (အဖွင့်)ပွဲ အဖြစ် ၂၀၁၀ခုနှစ် မတ်လ (၁၃)ရက်နေ့ မြန်မာ စံတော်ချိန် ညနေ(၄)နာရီတွင် မန္တလေးမြို့  ဗထူး အားကစား ကွင်း၌ ယှဉ်ပြိုင် ကစားစေမည် ဖြစ်သည်။

ပွဲစဉ်များကို မဲနှိုက် ရေးဆွဲရာတွင် ချန်ပီယံ ရတနာပုံ အက်ဖ်စီသည် ဆီဒင် နံပါတ်(၁)ရပြီး၊ ရန်ကုန် ယူနိုက်တက်က ဆီဒင် နံပါတ်(၁၁)ရကာ ကျန်အသင်း များကို အမှတ်စဉ် မဲနှိုက်၍ ကြိုတင် ရေးဆွဲထားသော ပွဲစဉ်ဇယား၌ ဖြည့်စွတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများအား နှစ်ကျော့ စနစ်ဖြင့် ကျင်းပမည့် ၂၀၁၀ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းရန် အဆင်သင့် ရှိ/မရှိ မေးမြန်ခဲ့ရာ ချန်ပီယံ ရတနာပုံ အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့ကသာ လက်ခံ ကျင်းပရန် လျှောက်ထားခဲ့ သောကြောင့် ပထမ အကျော့ ပွဲစဉ်များကို ရန်ကုန်နှင့် မန္တလေး မြို့တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

ဆီဒင်ရရှိပြီး အိမ်ကွင်းတွင် လက်ခံ ကစားခွင့် ရရှိထားသော ရတနာပုံ အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက် တို့သည် ၂၀၁၀ခုနှစ် ဧပြီလ ၂၄ရက်နေ့တွင် ထိပ်တိုက် တွေ့ဆုံနေသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က အဆိုပါ ပွဲစဉ်အား မည်သည့်ကွင်းတွင် ကစားရမည်ကို သတ်မှတ်မပေးဘဲ မဲနှိုက် ဆုံးဖြတ်ခဲ့ပြီး မန္တလေးမြို့  ဗထူးကွင်းတွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ထို့ကြောင့် ရတနာပုံ အက်ဖ်စီသည် ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဒုတိယ အကျော့အား အဝေးကွင်းတွင် ရင်ဆိုင်ရမည်။


၂၀၁၀ခုနှစ် မတ်လ (၆)ရက်နေ့ ညက ရန်ကုန်မြို့၊ Chatrium ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သော MNL Grand Royal 2010 ပွဲစဉ်ဇယား မဲနှိုက် ရေးဆွဲခြင်းနှင့် စပွန်ဆာ များအား စားချုပ်,ချုပ်ဆိုသည့် အခမ်း အနားတွင် ဆီဒင် နံပါတ်(၁) ရသော လက်ရှိ ချန်ပီယံ ရတနာပုံ အက်ဖ်စီနှင့် ပွဲဦးထွက် ယှဉ်ပြိုင်ရမည့် အသင်းအား မဲနှိုက်ရွေးချယ်စဉ်။

ရတနာပုံ အသင်း၏ ပထမ အကျော့ ပွဲစဉ်များ

၁၃-၀၃-၂၀၁၀    ရတနာပုံ vs ဇေယျာရွှေမြေ
၂၀-၀၃-၂၀၁၀    ရတနာပုံ vs ဥဿာ ယူနိုက်တက်
၂၇-၀၃-၂၀၁၀    ရတနာပုံ vs မကွေး
၀၄-၀၄-၂၀၁၀    ရတနာပုံ vs ဆောက်သမ်းမြန်မာ
၂၄-၀၄-၂၀၁၀    ရတနာပုံ vs ရန်ကုန် ယူနိုက်တက်
၁၆-၀၅-၂၀၁၀    ရတနာပုံ vs ကမ္ဘောဇ
၂၂-၀၅-၂၀၁၀    ရတနာပုံ vs နေပြည်တော်
၂၉-၀၅-၂၀၁၀    ရတနာပုံ vs ဇွဲကပင် ယူနိုက်တက်
၀၅-၀၆-၂၀၁၀    ရတနာပုံ vs မနောမြေ
၁၂-၀၆-၂၀၁၀    ရတနာပုံ vs ဒယ်လ်တာ ယူနိုက်တက်
Myanmar National League
Alpine Drinking Water
Shark
Blue Mountain