ရတနာပုံ လူငယ်အသင်းမှ ဂိုးသမား သူရကိုကိုအား အသင်းကြီးသို့ ခေါ်ယူ

Attention: open in a new window. Print

ရတနာပုံ အက်ဖ်စီသည် လူငယ် အသင်းမှ ဂိုးသမား သူရကိုကိုအား အသင်းကြီးသို့ ခေါ်ယူမည် ဖြစ်သည်။ အသင်းကြီးတွင် ၀ါရင့်ဂိုးသမား ယဉ်မင်းအောင်၊ ဖြိုးကိုကိုလှိုင်၊ ဇော်လင်းအောင်တို့ ရှိနေခဲ့ပြီး ဖြိုးကိုကိုလှိုင်မှာ ဒဏ်ရာ မကြာခဏ ရလေ့ရှိသည်။ 

ထို့ကြောင့် ၂၀၁၀ ဘောလုံးရာသီတွင် ပြည်ပ ကစားသမား (၅)ဦး၊ ပြည်တွင်း ကစားသမား (၁၉)ဦးတို့ဖြင့် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကျင်းပရေး ကော်မတီသို့ ရတနာပုံ အက်ဖ်စီက စာရင်းပေးပို့ခဲ့သည်။ ၂၀၀၉ မန္တလေး မြို့တော်ဝန်ဖလားကို ရတနာပုံ လူငယ်အသင်း ရယူခဲ့စဉ်က (၆)ပွဲတွင် (၃)ဂိုးသာ ပေးခဲ့သည့် သူရကိုကိုသည် လက်ရှိအချိန်တွင် လူငယ်အသင်းနှင့်ပင် လေ့ကျင့်ခန်း ဆင်းနေပြီး အသင်းကြီးတွင် ရတနာပုံ အက်ဖ်စီ၏ ဂျာစီနံပါတ် ၂၅ကို ၀တ်ဆင်မည် ဖြစ်သည်။

ရတနာပုံ အက်ဖ်စီသည် မန္တလေးမြို့တွင် လေ့ကျင့်လျက်ရှိပြီး ၂၀၁၀ခုနှစ် မတ်လ ၈ရက်နေ့က နည်းပြ ဦးခင်မောင်တင့်၏ ရတနာပုံ လူငယ်အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ရာ ၂-၁ဂိုးဖြင့် အနိုင်ရခဲ့သည်။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain