ဇွဲကပင် ယူနိုက်တက်ကို ရတနာပုံ အက်ဖ်စီ ၄ဂိုးပြတ် အနိုင်ရ

Attention: open in a new window. Print

ရတနာပုံ အက်ဖ်စီ၏ မြန်မာ နေရှင်နယ်လိဂ် ၂၀၁၀ ပွဲစဉ်-၉ ကို ၂၀၁၀ခုနှစ် မေလ ၂၉ ရက်နေ့က မန္တလေးမြို့ ဗထူး အားကစား ကွင်းတွင် ဇွဲကပင် ယူနိုက်တက်နှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ရတနာပုံက ၄-၀ဂိုးဖြင့် အနိုင်ရ သွားခဲ့သည်။

ရတနာပုံ အသင်းတွင် ပြည်ပ ကစားသမား ၅ ဦးလုံး ပွဲထွက် ပါဝင် ကစားခဲ့ပြီး ပွဲပယ် ပြစ်ဒဏ်ပြည့် သွားခြင်းကြောင့် ရဲဇော်ထက်အောင် ပြန်လည် ပါဝင် ကစားခဲ့သည်။ ဇွဲကပင် ယူနိုက်တက် အသင်းကလည်း ပြည်တွင်း ကစားသမား များဖြင့် ပွဲထုတ်ခဲ့သည်။ ရတနာပုံ အသင်းက ပွဲအစမှာပင် အလျင်အမြန် ထိုးဖောက် ဂိုးရယူရန် ကြိုးပမ်း သော်လည်း ဇွဲကပင် နောက်ခံလူ များ၏ ရှင်းထုတ်မှု များကြောင့် ဂိုးသွင်းခွင့်များ ဆုံးရှုံး ခဲ့ရသည်။ ပွဲချိန် ၁၀ မိနစ် အကျော်တွင် ရတနာပုံ အသင်းမှ ပထဆုံး ထောင့်ကန်ဘောကို ရရှိခဲ့သည်။ ထို့နောက် ရတနာပုံ အသင်းကပင် တိုက်စစ်ဆင် ကစားခဲ့သည်။ ပွဲချိန် ၁၃မိနစ်တွင် ဇွဲကပင် နောက်ခံလူ သန့်ဇင်ဦး ရတနာပုံမှ ရဲဇော်ထက်အောင်ကို ကြမ်းတမ်းစွာ ကစားသဖြင့် ၄င်းပွဲ၏ ပထမဆုံး အ၀ါကဒ်ပြားကို ပြသခြင်း ခံခဲ့ရသည်။ ပွဲချိန် ၁၆မိနစ်တွင် ကွန်ပိုရီ ထိုးပေးသည့် ဘောလုံးကို ရန်ပိုင်က ဇွဲကပင် ဂိုးဧရိယာ အတွင်းမှ ကန်သွင်းရာ ရတနာပုံ အသင်း အတွက် ပထမဆုံး ဂိုးကို သွင်းယူ နိုင်ခဲ့သည် ။

ပွဲချိန် ၂၃ မိနစ်တွင် ရဲဇော်ထက်အောင်  ညာကြောမှ ထိုး ပေးလိုက်သည့် ဘောလုံးကို ဂိုးဧရိယာ အပြင်မှ ရန်ပိုင်က အပြင်း ကန်သွင်းရာ ဘေးထွက် ခဲ့သည်။ ထို့နောက် ပွဲချိန် ၂၄ မိနစ်တွင် နေပြည်တော် ကွင်း ဘယ်ခြမ်း၌ ရရှိ သည့် ထောင့်ကန်ဘောကို ကိုနေး မှပေးပို့ရာ ဇွဲကပင် နောက်ခံလူတွေ လူကပ်ထားသည့် ကြားမှ ရဲဇော်ထက်အောင် ပြေးထွက်လာပြီး ခေါင်းတိုက် သွင်းယူကာ ရတနာပုံ အတွက် ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူ ပေးနိုင်ခဲ့သည်။ ပွဲချိန် ၂၈မိနစ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှ ကွင်းလယ်လူ ခွန်စစ်ပိုင် အစား နန္ဒလင်းကျော်ချစ် ၀င်ရောက် ကစားခဲ့သည်။

ပွဲချိန် ၃၅မိနစ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှ နောက်ခံလူ ထက်နိုင်ဝင်း ကွန်ပိုရီကို ဖျက်ထုတ်တာ ပြင်းထန်သဖြင့် ကွင်းလယ်ဒိုင် ဦးဇော်ခိုင်မှ အ၀ါကဒ်ပြားပြ သတိပေးခဲ့သည်။ ပွဲချိန် ၃၈ ဇွဲကပင် ယူနိုက်တက်မှ ရတနာပုံ ညာဘက်ထောင့်တွင် ထောင့်ကန်ဘော ရရှိရာ ဇွဲကပင် ယူနိုက်တက်မှ ကန်တင်လိုက်သည့် ဘောလုံးကို နောက်ခံ လူတွေက ဖျက်ထုတ်ပြီး ကွန်ပိုရီ ရရှိသွားကာ ကွင်းညာဘက်ခြမ်း တစ်လျောက် ဆွဲပြေးပြီး နောက်မှ ပါလာသည့် ကျော်ခိုင်ဝင်းကို လှမ်းတင် ပေးလိုက်ရာ ကျော်ခိုင်းဝင်းက ဇွဲကပင် ဂိုးသမား၏ ဘယ်ဘက်ခြမ်းကို အမှားအယွင်းမရှိ ကန်သွင်းကာ တတိယ ဦးဆောင်ဂိုးကို သွင်းယူ ခဲ့နိုင်သည်။

သွင်းဂိုများ ရပြီးနောက် ရတနာပုံ အသင်းကပင် ဆက်လက် ဖိအားပေး ကစား နိုင်ခဲ့ပြီး ဂိုးသွင်း ခွင့်များ ရခဲ့သော်လည်း ရတနာပုံ ကစား သမားများ အဆုံးသတ် မသေချာ သောကြောင့် ပထမပိုင်း အပြီးတွင် ရတနာပုံက ဇွဲကပင် ယူနိုက်တက်ကို ၃-၀ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် ရတနာပုံ အသင်းက ဆက်တိုက် ဖိကစားရာ ပွဲချိန် ၅၀ မိနစ်၌ ခင်မောင်ထွန်း ညာကြောမှ ဆွဲယူပြီး အပြင်း ကန်သွင်းရာ ဇွဲကပင် ဂိုးသမား သန်းဇော်ဝင်း ကာကွယ် နိုင်ခဲ့သည်။ ပွဲချိန် ၅၅မိနစ်တွင်  ဇွဲကပင် ယူနိုက်တက် ဂိုးရှေ့တွင် နောက်ခံလူ သိန်းဇော်အား ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ရတနာပုံမှ ရန်ပိုင် အ၀ါကဒ်ပြား ပြသခြင်း ခံခဲ့ရသည်။ ပွဲချိန် ၆၁မိနစ်တွင် ဇွဲကပင် ဂိုးရှေ့တွင် ရရှိသည့် ပြစ်ဒဏ်ဘောအား အဂျီမှုက ဂိုးသမား ညာဘက်ထောင့်သို့ ကန်သွင်းရာ ဂိုးဘား တန်းထိပြီး လွဲချော် ခဲ့သည်။ ပွဲချိန်၆၉ မိနစ်တွင် ရတနာပုံ အသင်းမှ ကွင်းလယ်လူ ကွန်ပိုရီအစား သက်နိုင် ၀င်ရောက် ကစားတာကို တွေ့ရပါတယ်။ ရတနာပုံက ဆက်တိုက် ဆိုသလို ဖိကစားရင် ပွဲချိန် ၇၁ မိနစ်တွင် တိုက်စစ်မှုး အဂျီမှုအစား အောင်ချမ်းမိုး ၀င်ရောက် ကစားခဲ့ပါသည်။ ပွဲချိန် ၇၈ မိနစ်တွင် ဇွဲကပင် ဂိုး ဧရိယာ အပြင်မှ နောက်ခံလူ ကိုနေး အမှတ်မထင် လှမ်းကန်သည့် ဘောလုံးသည် ဂိုးဘားပေါ်မှာ ကျော်သွားခဲ့သည်။ ပွဲချိန် ၈၇ မိနစ်တွင် ကိုနေးက နောက်တန်းမှ ကန်တင် ပေးလိုက်သည့် ဘောလုံးအား ရန်ပိုင် ရရှိသွားပြီး နောက်ခံလူများနှင့် ဂိုးသမားကို လှလှပပ လိမ်သွင်းကာ စတုထ္ထ ဦးဆောင်ဂိုးကို သွင်းယူ နိုင်ခဲ့ပါသည်။

ပွဲပြီး ခါနီးတွင် ရတနာပုံ အသင်းက ခံစစ်ကို အားပြု ကစားခဲ့ သောကြောင့် ဇွဲကပင် ယူနိုက်တက် အသင်းက တိုက်စစ်ဆင် ကစားနိုင် ခဲ့သော်လည်း ရတနာပုံ ခံစစ်ကြောင်းကို ပိုင်ပိုင် နိုင်နိုင် ထိုးဖောက် နိုင်ခြင်း မရှိသောကြောင့် နာကျင် ပေးခဲ့ခြင်း မရှိဘဲ မိနစ် ၉၀ အပြီးတွင် ရတနာပုံ အသင်းက ဇွဲကပင် ယူနိုက်တက်ကို ၄-၀ဂိုးဖြင့် အနိုင်ရကာ ၃ မှတ် ရယူနိုင်ခဲ့သည်။

ရတနာပုံ အသင်းသည် ဇွန်လ 7ရက်နေ့တွင် ဗထူးကွင်း၌ မနောမြေ အက်ဖ်စီနှင့် MNL Grand Royal 2010 ပွဲစဉ်(၁၀) ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ကွင်းလယ်ဒိုင်လူကြီး-ဦးဇော်ခိုင်

စည်းကြပ်ဒိုင်(၁)-ဦးဟန်သိန်း

စည်းကြပ်ဒိုင်(၂)-ဦးမျိုးမင်းဇော်

အရန်ဒိုင်လူကြီး-ဦးလှမင်း

ရတနာပုံ အက်ဖ်စီ

မန်နေဂျာ-မစ္စတာ ရိုဟန်

နည်းပြချုပ်-ဦးဇော်လေးအောင်

ပါဝင် ကစားသူများ- ယဉ်မင်းအောင် (ဂိုး-၁)၊ ကမ်ဘူး(၃)၊ ကိုနေ(၄)၊ကျော်ခိုင်ဝင်း(၅)၊ ခင်မောင်ထွန်း (အသင်း ခေါင်းဆောင်-၇)၊ ရဲဇော်ထက်အောင် (၁၄)၊ ရန်ပိုင်(၉)၊ ဂနွန်စီယမ် (၁၃)၊ ကွန်ပိုရီ(၁၇)၊ အောင်ကျော်မိုး(၁၉)၊ အဂျီမူဂျွန်(၂၀)။

အရန်ကစားသမားများ- ကျော်ဇေယျာမင်း(၆)၊ ချစ်စမ်းမောင် (၁၅)၊ သက်နိုင် (၈)၊ သက်ပိုင်စိုး(၁၈)၊ အောင်ချမ်းမိုး(၂၂)၊ အေးမိုး(၂၄)၊ ဇော်လင်းအောင်(ဂိုး-၃၀)။

ဇွဲကပင် ယူနိုက်တက်

မန်နေဂျာ-ဦးထွန်းထွန်း

နည်းပြ-ဦးဌေးမြင့်

ပါဝင်ကစားသူများ- သန်းဇော်အောင်(၁)၊ သန်းဇော် (၃)၊ သန့်ဇင်ဦး(၄)၊ (ညွန့်ဝင်း-၁) (အသင်းခေါင်းဆောင်-၅)         ကျော်သူဦး (၆)၊ ထက်နိုင်ဝင်း (၈)၊ ထင်ကျော်အောင် (၁၃)၊ ချစ်ကိုကိုထွေး (၂၂)၊ အောင်စိုးမိုး (၂၃)၊ ခွန်စစ်ပိုင် (၂၇)၊ (ညွှန့်ဝင်း-၂) (၃၁)။

အရန် ကစား သမားများ- ဇော်သန်းထွန်း (၂)၊ ရ၀င်းထိုက် (၁၀)၊ နန်းဝင်းအောင် (၁၁)၊ ကျော်ကျော်ထက် (၁၂)၊ အောင်မင်းနိုင် (၁၈-ဂိုး)၊ ငြိမ်းချမ်းအောင် (၂၁)၊ နန္ဒလင်းကျော်ချစ် (၃၂)။
Myanmar National League
Alpine Drinking Water
Shark
Blue Mountain