မနောမြေ အက်ဖ်စီကို ၂-၁ဂိုးဖြင့် ရတနာပုံ အက်ဖ်စီ အနိုင်ရ

Attention: open in a new window. Print

ရတနာပုံ အက်ဖ်စီသည် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၄ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင် မြို့နယ် စလင်း အားကစား ကွင်းတွင် မနောမြေ အက်ဖ်စီနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၂-၁ဂိုးဖြင့် အနိုင်ရ ခဲ့သည်။ ရတနာပုံ အသင်းတွင် ပြည်ပ ကစား သမားသစ် ၂ ဦး အပါအ၀င် ဂနွန်စီယမ်၊ ကမ်ဘူး၊ ကိုနေးတို့ ပွဲထွက် ကစားခဲ့သည်။ နောက်တန်း ဗဟိုတွင် ကျော်ခိုင်ဝင်း ခြေကျင်းဝတ် ဒဏ်ရာ ရနေ သောကြောင့် ကျော်ဇေ ယျာမင်း ပါဝင် ကစား ခဲ့သည်။

ရှေ့တန်းတွင် ရန်ပိုင်နှင့် တွဲ၌ တိုက်စစ် မှူးသစ် Hilare Assale Molo (၂၂-နှစ်) ပွဲထွက် ခဲ့သည်။ ကွင်းလယ်တွင် ဒဏ်ရာကြောင့် ကာလရှည် အနားယူ ခဲ့ရသည့် ထွန်းထွန်းဝင်း ပြန်လည် ပါဝင်လာပြီး ကွင်းလယ် ကစား သမားသစ် Rodrigue Tahi (၂၀-နှစ်)၊ ကိုနေး၊ အောင်ကျော် မိုးတို့နှင့် အတွဲ အဖက် မိမိ ကစား နိုင်ခဲ့သည်။ နောက်တန်း ညာအစွန်တွင် ခင်မောင်ထွန်း ပါဝင် ကစားခဲ့သည်။ ဂိုးသမား နေရာတွင် ယဉ်မင်းအောင် ပွဲထွက် ခဲ့ပြီး ဇော်လင်းအောင်၊ ဖြိုးကို ကိုလှိုင်တို့ မိနစ် ၃၀ စီ ၀င်ကစား ခဲ့ကြသည်။

ပွဲအစ ကတည်း ကပင် ကစား သမားများ ခေါ်ယူ စာချုပ်ရန် စမ်းသပ်သည့် မနောမြေ အက်ဖ်စီ အသင်း အပေါ် ရတနာပုံ အက်ဖ်စီက ကစားကွက် အသာစီး ရယူနိုင်ဘ ခဲ့သည်။ ပွဲချိန် မိနစ် ၂၀တွင် ထွန်းထွန်းဝင်း ဘယ်ကြောမှ ဖြတ်တင် ပေးလိုက်သည့် ဘောလုံးကို မနောမြေ နောက်ခံလူ ၂ဦး ကပ်ထားသည့် ကြားမှ အက်ဆာလေ ပြေးထွက် ပိတ်သွင်း ယူခဲ့ သောကြောင့် ရတနာပုံ အက်ဖ်စီ ဦးဆောင်ဂိုး ရခဲ့သည်။

ပွဲချိန် ၂၅ မိနစ်တွင် ရတနာပုံ ကစား သမားဟောင်း ထက်နိုင်ဝင်းက ညာတောင်ပံမှ ရတနာပုံ ဂိုးဧရိ ယာထဲ ဆွဲယူကာ ၂ ဆင့် ကန်သွင်း ယူခဲ့ သောကြောင့် မနောမြေ အက်ဖ်စီ ချေပဂိုး ရခဲ့ရာ ပထမပိုင်း အပြီးတွင် တစ်ဖက် တစ်ဂိုးစီ သရေကျ နေခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် ကျော်ဇေ ယျာမင်း၊ ခင်မောင်ထွန်း၊ ထွန်းထွန်းဝင်း၊ ကိုနေး၊ အက်ဆာလေတို့ နေရာတွင် ရဲဇော် ထက်အောင်၊ ချစ်စမ်းမောင်၊ ရဲကိုဦး၊ အောင် ချမ်းမိုး၊ သက်နိုင်တို့ ၀င်ရောက် ကစား ခဲ့သည်။ ပွဲချိန် ၅၇ မိနစ်တွင် ရန်ပိုင်က မနောမြေ ဂိုးဧရိယာ ဘယ်ကြောမှ ဆွဲယူ ကန်သွင်း ခဲ့သောကြောင့် ရတနာပုံ အသင်း ဦးဆောင်ဂိုး ထပ်မံ ရရှိခဲ့သည်။

မိနစ် ၆၀ တွင် အောင် ကျော်မိုး အစား အေးမိုး ၀င်ရောက် ကစားခဲ့ပြီး မိနစ် ၇၀တွင် ရန်ပိုင်ကို ထုတ်ကာ အက်ဆာလေကို ထပ်မံ ထည့်သွင်း ကစားခဲ့သည်။ မိနစ် ၉၀ ပြည့်သည် အထိ  မနော မြေက ချေပ ဂိုး မသွင်းနိုင် သဖြင့် ရတနာပုံက ၂-၁ဂိုး ဖြင့် အနိုင်ရ ခဲ့သည်။ ရတနာပုံ အက်ဖ်စီသည် ဇူလိုင်လ ၃၀ရက် နေ့တွင် ခြေစမ်းပွဲ ကစားရန် ထိုင်း နိုင်ငံ ဘန်ကောက် မြို့သို့ ထွက်ခွာမည် ဖြစ်သည်။

Myanmar National League
Alpine Drinking Water
Shark
Blue Mountain