ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) ၀ါဆို လပြည့် ဓမ္မစကြာ အခါတော်နေ့ စုပေါင်း အလှူဒါနပြု

Attention: open in a new window. Print

ရတနာပုံ ပရိသတ် များသည် မြန်မာ သက္ကရာဇ် ၁၃၇၂ ခုနှစ် ဒုတိယ ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့၊ ခရစ်နှစ် ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၆ရက် တနင်္လာ နေ့က စုပေါင်း အလှူ ဒါန ပြုခဲ့ကြောင်း သိရှိ ရသည်။ ရန်ကုန် မြို့ရှိ ရတနာပုံ ပရိသတ်များသည် ရွှေတိဂုံ စေတီတော် မြောက်ဘက် မုခ် ခြေတော် ရင်း၌ နေ့လည် ၂ နာရီခွဲမှ စတင်၍ ဘုရားဖူးလာ ပြည်သူ လူထုအား ဖျော်ရည် အအေးများ တိုက်ခဲ့ရာ ညနေ ၅ နာရီ အထိ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုပေါင်း အလှူသို့ ကိုမိုးတိမ်လွှာ၊ ကိုအီတူးလေး၊ ကိုစူပါ၊ ကိုသားသားလေး၊ ကိုရဲရင့် (myanmar special)၊ ကိုဝိုင်း၊ ကိုနည်းပြ၊ ကိုရတနာပုံ မန်းတလေး၊ ကိုအောင် မျိုးမင်း၊ မောင်မိုးထက်၊ မန်တ လာသား၊ မောင်စံမိုး၊ မောင်အောင် ခန့်ဇော်၊ မဖြေူစင်ဦး၊ မမစ်၊ မ ၉၉၉၊ မပုံ့ပုံ့၊ မဇင်ထွန်း၊ မသော်သော်၊ မစနိုး စသည့် www.yadanarbonfans.com အွန်လိုင်း မန်ဘာ များနှင့် ရတနာပုံ အက်ဖ်စီမှ ယဉ်မင်းအောင်၊ ထွန်းထွန်းဝင်း၊ ရဲကိုဦး၊ ချစ်စမ်းမောင်၊ ရတနာပုံ (ခ)အသင်းမှ နည်းပြ ဦးဇော်ဝင်း နှင့် အသင်း သားများ အားလုံး တက်ရောက် ခဲ့ကြသည်။


မန္တလေး မြို့ရှိ ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) ကလည်း ၀ါဆို လပြည့် နေ့တွင် ဆွမ်းကပ် လှူခြင်း၊ ၀ါဆို သင်္ကန်း ကပ်လှူခြင်း၊ ဝေယျာဝစ္စ ကုသိုလ် ယူခြင်း တို့ကို စုပေါင်း လုပ်ဆောင် ခဲ့ကြကြောင်း သိရသည်။ ဇူလိုင်လ ၂၆ ရက် နေ့တွင် Thakhin နှင့် မိသားစု၊ ကိုရင်မန်း၊ ဆရာဖြိုး၊ ချန်ပီယံ၊ ဇော်မြင့်ဦး၊ လေပြေ ချစ်သူ၊ မိုးထက် ကောင်းကင်၊ တာရာ၊ ကဝေ၊ ဒီမိုရာ၊ hlaing gyi နှင့် သူ၏ အကို၊ kyaw zin၊ dr.kyaw zin linn  sayar phyo  phyozin ၊ ရတနာပုံသူနှင့် သူ၏ သူငယ်ချင်း၊ လမင်းအိမ်၊ ydnbgirl၊ sagaingthu၊ sya.mdy ၊ lonmalay စသည့် www.yadanarbonfans.com အွန်လိုင်း မန်ဘာ များက မြစ်ငယ် ထုံးဘို လမ်းခွဲမှ အရှေ့ ဘက် ငါးမိုင် တစ်ဖာလုံ အကွာရှိ  မင်းတည်း ကုန်းရွာ၊ အောင်သိဒ္ဓိ ကျောင်းတိုက်၌ ဆွမ်းကပ်လှူခြင်း၊ ၀ါဆို သင်္ကန်း ဆပ်ကပ်ခြင်း၊ ဝေယျာ ၀စ္စ ကုသိုလ် ယူခြင်း၊ ဥပုသ် သီလ ဆောက်တည် ခြင်းတို့ စုပေါင်း ပြုလုပ် ခဲ့ကြသည်။

ဝါဆို လပြည့် နေ့သည် ဂေါတမ ဘုရား လောင်း ဖြစ်သည့် သိဒ္ဒတ္ထ မင်းသားသည် မယ်တော် မာယာ ၀မ်းတွင်း၌ သန္ဓေ တည်သော နေ့၊ ထို့နောက် သဗ္ဗညုတ ရွှေဥာဏ်တော် ရရန် အလို့ငှာ ဒုက္ခ စရိယ ၆ နှစ် ကျင့်ရန် မင်း စည်းစိမ်၊ သားနှင့် မယားကို စွန့်ခွာ၍ တောထွက် တော်မူ သောနေ့၊ သဗ္ဗညုတ ရွှေဥာဏ်တော် ရရှိပြီး ပဉ္စ၀ဂ္ဂီ ၅ဦးအား တရားဦး၊ တရားထူး အဖြစ် ဓမ္မစကြာ ဒေသနာ တော်ကို ဟောကြား တော်မူ သောနေ့တို့ ဖြစ်သောကြောင့် ဗုဒ္ဓ ဘာသာ ၀င်များ အထွဋ် အမြတ် ထားရာ နေ့ထူး နေ့မြတ် ဖြစ်ပါသည်။

ဗုဒ္ဓ ဘာသာ ၀င်များ၏ နေ့ထူး နေ့မြတ် အခါ သမယတွင် ဒါနမျိုးစေ့ စိုက်ပျိုး ခဲ့ကြသော ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com အွန်လိုင်း မန်ဘာ များ)၏ အလှူအား ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်မှ သာဓု အနုမောဒနာ ခေါ်ဆိုပါကြောင်း၊ ရတနာပုံ ပရိသတ်များ အနေဖြင့် မြန်မာ့ ဘောလုံး လောက တိုးတက် ရေးအတွက် သာမက ယခု ကဲ့သို့ လူသား အကျိုးပြု လူမှုရေး လုပ်ငန်းများ ယခုထက် ပိုမို ဆောင်ရွက် နိုင်ပါ စေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ရပါသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရွှေတိဂုံ စေတီတော် မြောက်ဘက်မုခ်၌ ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com အွန်လိုင်း မန်ဘာ များ)၏ စုပေါင်း အအေး ဖျော်ရည် လှူဒါန်းပွဲတွင် ဘုရားဖူးလာ ပြည်သူများကို လှူဒါန်းမည့် အအေးများအား ဖျော်နေစဉ်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရွှေတိဂုံ စေတီတော် မြောက်ဘက်မုခ်၌ ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com အွန်လိုင်း မန်ဘာ များ)၏ စုပေါင်း အအေး ဖျော်ရည် လှူဒါန်းပွဲတွင် ဘုရားဖူးလာ ပြည်သူများကို လှူဒါန်းမည့် အအေးများအား ဖျော်ထားစဉ်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရွှေတိဂုံ စေတီတော် မြောက်ဘက်မုခ်၌ ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com အွန်လိုင်း မန်ဘာ များ)၏ စုပေါင်း အအေး ဖျော်ရည် လှူဒါန်းပွဲတွင် ပါဝင်ခဲ့ ကြသော ရတနာပုံ ပရိသတ်များ။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရွှေတိဂုံ စေတီတော် မြောက်ဘက်မုခ်၌ ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com အွန်လိုင်း မန်ဘာ များ)၏ စုပေါင်း အအေး ဖျော်ရည် လှူဒါန်းပွဲတွင် ပါဝင်ခဲ့ ကြသော ရတနာပုံ ပရိသတ်များနှင့် ရတနာပုံ အက်ဖ်စီ ကစားသမား ယဉ်မင်းအောင်၊ ချစ်စမ်းမောင်၊ ရဲကိုဦး၊ ထွန်းထွန်းဝင်း။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၂၆ ရက်နေ့က ရွှေတိဂုံ စေတီတော် မြောက်ဘက်မုခ်၌ ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com အွန်လိုင်း မန်ဘာ များ)၏ စုပေါင်း အအေး ဖျော်ရည် လှူဒါန်းပွဲတွင် ပါဝင်ခဲ့ ကြသော ရတနာပုံ ပရိသတ် များနှင့် ရတနာပုံ (ခ)အသင်း နည်းပြ ဦးဇော်ဝင်း၊ ရတနာပုံ (ခ)အသင်း သားများ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကြစဉ်။

Myanmar National League
Alpine Drinking Water
Shark
Blue Mountain