FC Vakhsh - ရတနာပုံ အက်ဖ်စီ ပွဲစဉ်သည် အာရှဘောလုံး အဖွဲ့ချုပ် သမိုင်းတွင် ဒိုင်လူကြီး ၅ဦး အသုံးပြုသည့် ပထမဆုံးပွဲ ဖြစ်လာမည်

Attention: open in a new window. Print

၂၀၁၀ ပြည့်နှစ် စက်တင် ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ရန်ကုန် မြို့တွင် ကျင်းပမည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား ပြိုင်ပွဲ နောက်ဆုံး အဆင့် ရှုံးထွက် ပွဲစဉ် များတွင် ကွင်းလယ် ဒိုင်လူကြီး၊ စည်းကြပ် ဒိုင် ၂ဦးတို့ အပြင် ဂိုးဧရိ ယာကို စောင့်ကြည့်မည့် ဒိုင်လူကြီး ၂ ဦးကိုပါ ထပ်မံ အသုံး ပြုသွားမည် ဖြစ်ကြောင်း အာရှ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် လိုက်သည်။


ယင်းသို့ အသုံး ပြုရန် အာရှ ဘောလုံး အဖွဲ့ ချုပ်က အပြည်ပြည် ဆိုင်ရာ ဘောလုံး အဖွဲ့ ချုပ်များ ဘုတ် အဖွဲ့ (IFAB) သို့ ပန်ကြား သဖြင့် သဘော တူညီ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လာမည့် စက်တင် ဘာလ ၂၄ရက် နေ့တွင် တာဂျီ ကစ္စတန် ကလပ် FC Vakhsh အသင်းနှင့် ရတနာပုံ အက်ဖ်စီတို့ ယှဉ်ပြိုင်မည့် အေအက်ဖ်စီ ဥက္ကဋ္ဌ ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ် ၁ သည် အာရှ ဘောလုံး အဖွဲ့ချုပ် သမိုင်း၌ ဒိုင်လူကြီး ၅ဦး အသုံး ပြုမည့် ပထမ ဆုံးပွဲ ဖြစ်လာ မည်ဟု အာရှ ဘောလုံး အဖွဲ့ချုပ် ၀က်ဘ်ဆိုဒ်တွင် ဖော်ပြ ထားသည်။


`ပြိုင်ပွဲမှာ မှန်မှန် ကန်ကန် ဆုံးဖြတ် နိုင်ဖို့  ဒီစနစ်ကို အသုံး ပြုသင့် တယ်လို့ ကျွန်တော် ထင်တယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA)ကတော့ ဒီစနစ်ကို ပြီးခဲ့တဲ့ နှစ်မှာ စမ်းသပ် အသုံး ပြုခဲ့တယ်။ ကောင်းမွန်တဲ့ ရလဒ် ထွက်ပေါ် ခဲ့ပေမယ့် သူတို့ရဲ့ စမ်းသပ် မှုကို အခြေ ခံပြီး ကျွန်တော် တို့ကလည်း ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စမ်းသပ် ချင်တဲ့ အတွက် အခုလို ဆုံးဖြတ် ခဲ့တာပါ။ ဒီစနစ်ကြောင့် ဒိုင်လူကြီး တွေရဲ့ ဆုံးဖြတ်ချက် တိုးတက် ကောင်းမွန် လာပါ လိမ့်မယ်။ ဒီ ဒိုင်လူကြီး ၂ယောက်ဟာ ကွင်းလယ် ဒိုင်လူကြီး လိုပဲ အရေးပါတဲ့ သူတွေ ဖြစ်ပါတယ်။ ပင်နယ်တီလို ပြစ်ဒဏ် တွေကို ဆုံးဖြတ် နိုင်အောင် အဓိက ပံ့ပိုး ပေးပါ လိမ့်မယ်´ဟု အာရှ ဘောလုံး အဖွဲ့ချုပ် ဒိုင်လူ ကြီးများ ဌာန ဒါရိုက်တာ ယိုရှီမီ အိုဂါဝါက ပြောကြား လိုက်သည်။

Myanmar National League
Alpine Drinking Water
Shark
Blue Mountain