| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ရတနာပုံ (ခ)အသင်း ကစားသမားများ ဒဏ်ရာရ ပြဿနာနှင့် ရင်ဆိုင်နေရ
Thursday, 29 July 2010 14:29
မြန်မာ နေရှင် နယ်လိဂ် အရန် အသင်းများ ပြိုင်ပွဲ ၀င်နေသော ရတနာပုံ (ခ)အသင်းသည် တိုက်စစ် မှူးများ ဒဏ်ရာရ ပြဿ နာနှင့် ရင်ဆိုင် နေရသည်။ ရတနာပုံ (ခ) အသင်းတွင် တိုက်စစ်မှူး (၃)ဦး ရှိပြီး ကျော်စွာလင်း၊ မင်းမင်းထွန်း တို့ကို အဓိက အားထား ခဲ့ရသည်။
တိုက်စစ်မှူး ကျော်စွာ လင်းသည် ဇူလိုင်လ ၇ ရက်နေ့က မကွေး အက်ဖ်စီနှင့် ယှဉ်ပြိုင် ခဲ့သော အရန် အသင်းများ လိဂ် ပြိုင်ပွဲ၌ ပွဲအစ ၃ မိနစ် မှာပင် တစ်ဖက် အသင်းမှ ဂိုးသမားနှင့် တိုက်မိ ခဲ့သောကြောင့် ဒူးဒဏ်ရာ ရရှိကာ မန္တလေးသို့ ပြန်၍ ဆေးကု သမှု ခံယူ နေရသည်။
မင်းမင်း ထွန်းသည် ဇူလိုင်လ ၂၀ ရက်နေ့က သုဝဏ္ဏ လူငယ် အားကစား လေ့ကျင့်ရေး ကွင်း၌ ရန်ကုန် ယူနိုက်တက် အရန် အသင်းနှင့် ယှဉ်ပြိုင် ခဲ့သော ပွဲတွင် ပွဲအစ ၃ မိနစ်တွင် ခြေကျင်းဝတ် ဒဏ်ရာ ရကာ လူစား လဲခဲ့ ရသည်။ ယခု အခါ ရတနာပုံ (ခ)အသင်းတွင် အရန် တိုက်စစ်မှူး စိုးကျော်ကျော် တစ်ဦး တည်းသာ ကစား နိုင်သည်။
ကွင်းလယ် တွင်လည်း အဓိက ကစား ပေးနိုင်သူ ရဲကိုဦးနှင့် အသင်း ကြီးမှ ထွန်းထွန်းဝင်း တို့သည် ရတနာပုံ အသင်းကြီးနှင့် လေ့ကျင့်ရန် ပြန်သွား ခဲ့သောကြောင့် ရဲဝင်းအောင်၊ မိုးမြင့်သူ၊ အောင်မျိုးထွေး၊ ညီညီမင်း၊ ဟိန်းသီဟဇော် စသည့် လူငယ် များဖြင့်သာ ယှဉ်ပြိုင် ရတော့မည် ဖြစ်သည်။
ရတနာပုံ (ခ)အသင်း နည်းပြချုပ် ဦးခင်မောင် တင့်က နောက်တန်း ညာအစွန် ကစား သမား မင်းနောင် ဦးကို ကွင်းလယ်တွင် ထားကစား စေရန် စမ်းသပ် လျက်ရှိကြောင်း၊ တိုက်စစ်တွင် စိုးကျော်ကျော် တစ်ဦးတည်း ကိုသာ အသုံးပြု၍ ကွင်းလယ် ကစားသမား ၅ ဦး ထားရှိ ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်သို့ ပြောကြား ခဲ့သည်။
ရတနာပုံ (ခ)အသင်းရှိ တိုက်စစ်မှူးများ - စိုကျော်ကျော် (၀ဲအစွန်)၊ မင်းမင်းထွန်း (အလယ်)၊ ကျော်စွာလင်း (ယာအစွန်)။







