| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ပွဲစဉ်ပြောင်းလဲမှုကြောင့် ရတနာပုံ (ခ)အသင်း တစ်ရက်ခြားတစ်ပွဲ ကစားရမည်ကို ကြားပင် မကြားဖူးဟု ဦးခင်မောင်တင့် ပြောကြား
Thursday, 29 July 2010 14:35
မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ ချုပ်က မြန်မာ နေရှင် နယ်လိဂ် ဒုတိယ အကျော့ ပွဲစဉ် များနှင့် တိုက်ဆိုင်ခြင်း မရှိစေရန် အရန် အသင်း များလိဂ် ပွဲစဉ် များကို မူလ ရေးဆွဲ ထားသော ရက်မှ ရှေ့သို့ တိုးကာ သြဂုတ် ၁၀ရက်နေ့ အပြီး ကျင်းပရန် ပြောင်းလဲ ရေးဆွဲ လိုက်ရာ ရတနာပုံ (ခ) အသင်းသည် တစ်ရက်ခြား တစ်ပွဲနှုန်း ကစားရမည် ဖြစ်သည်။
ယင်းသို့ ပွဲစဉ် ပြောင်းလဲ မှုနှင့် ပတ်သက်၍ ရတနာပုံ (ခ)အသင်း နည်းပြချုပ် ဦးခင်မောင် တင့်က ` အချို့ အသင်းတွေက နှစ်ရက်ခြား ပွဲတွေ ပါတယ်။ ကျွန်တော် တို့က ထိပ်ဆုံးက ဖြစ်နေတော့ တစ်ရက်ခြား တစ်ပွဲ ကစားရမယ်။ ကြားထဲ လေ့ကျင့်ချိန်၊ ကစားကွက် အထိုင်ချ ဖို့တောင် မရတော့ဘူး။ အမှတ်ပေး ပြိုင်ပွဲ တစ်ခုကို ဒီလို ပြိုင်ရတယ်လို့ ကြားတောင် မကြားဖူးပါဘူး။ ပွဲစဉ် ပြောင်းဖို့ အတွက် အသင်း တွေက တာဝန် ရှိသူတွေ ကိုလည်း မဖိတ်ပဲ ပွဲစဉ် ပြောင်းလဲ ရေးဆွဲ ပြီးမှ ပွဲစဉ် ဇယား လာပို့တာ။ MNL ပွဲစဉ် တွေက သြဂုတ်လ ၁၄ ရက် စမှာဆိုတော့ အဲဒီ မတိုင်ခင် အပြီး ကစားဖို့ လုပ်တာလို့ ပြောတယ်´ဟု ရတနာပုံ အက်ဖ်စီ ၀က်ဘ်ဆိုဒ်သို့ ပြောကြား ခဲ့သည်။
`ကျွန်တော် တို့မှာ ဒဏ်ရာရ ကစားသမား တွေကလည်း ရှိနေတယ်။ ရဲကိုဦး၊ ထွန်းထွန်းဝင်း တို့ကလည်း အသင်း ကြီးကို ပြန်သွားပြီ ဆိုတော့ ကွင်းလယ် အားနည်း သွားတယ်။ ကျွန်တော်တို့ အသင်းလိုပဲ ဒဏ်ရာရ၊ အနီ၊ အ၀ါတွေ ထိထားလို့ ပွဲပယ် ပြဿနာ ရှိနေတဲ့ အသင်းတိုင်း အခက် အခဲ တွေ့ကြရမှာပါ။ ကစားသမား မလုံ လောက်တဲ့ အသင်းတွေ ပိုပြီး အခက်တွေ့ ပါလိမ့်မယ်။ ကျွန်တော် တို့ကတော့ ကံကို ဆိုးပါတယ်။ ပြိုင်ပွဲ ၀င်ခါနီး ကျမှ ကစား သမားတွေ လိုက်စု ခဲ့ရတယ်။ ပထမ ၅ ပွဲ ရလဒ် မကောင်းလို့ လက်ကျန် ၅ပွဲကို ဆိုးဆိုး ရွားရွား မဖြစ်အောင် ကစားဖို့တောင် ခက်နေပြီ´ဟု ဦးခင်မောင်တင့်က ထပ်လောင်း ပြောကြား ခဲ့သည်။
မူလ ရေးဆွဲ ထားသော ပွဲစဉ် ဇယားတွင် ရတနာပုံ (ခ)အသင်းသည် ပွဲစဉ်-၇ ၌ ဒယ်လ်တာ ယူနိုက်တက် အရန် အသင်းနှင့် သြဂုတ်လ ၂ရက်နေ့တွင် ယှဉ်ပြိုင် ရမည် ဖြစ်ပြီး ပထမ အကျော့ နောက်ဆုံး ပွဲစဉ်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။ ၅ပွဲ ယှဉ်ပြိုင် ခဲ့ရာ၌ တစ်ပွဲသာ သရေ ကစား နိုင်ခဲ့ပြီး ၄ ပွဲ ရှုံးနိမ့် ထားသည်။
သို့သော် ယခု ပြန်လည် ရေးဆွဲလိုက်သော ပွဲစဉ် ဇယား အရ ရတနာပုံ (ခ) အသင်းသည် ပွဲစဉ်-၇ အား ဒယ်လ်တာ ယူနိုက်တက် အရန် အသင်းနှင့် သြဂုတ်လ ၁ရက်နေ့တွင် ယှဉ်ပြိုင်ကာ သြဂုတ်လ ၃ ရက်နေ့၌ ကမ္ဘောဇ၊ သြဂုတ်လ ၅ ရက်တွင် နေပြည်တော်၊ သြဂုတ်လ ၇ ရက်နေ့တွင် ဇွဲကပင်၊ သြဂုတ်လ ၉ ရက်နေ့တွင် မနောမြေ အက်ဖ်စီ အရန် အသင်းတို့နှင့် ယှဉ်ပြိုင် ရမည် ဖြစ်သည်။







