| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
ရတနာပုံ အက်ဖ်စီနှင့် ကမ္ဘောဇ အက်ဖ်စီ ခြေစမ်းပွဲ ပျက်ပြယ်၊ ဘန်ကောက်၌ Muangthong United အပြင် Police United အသင်းနှင့်ပါ ခြေစမ်းမည်
Thursday, 29 July 2010 18:01
ရတနာပုံ အက်ဖ်စီ၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ်တွင် ဇူလိုင်လ ၃၁ ၇က်နေ့၌ ယှဉ်ပြိုင် ရမည့် ထိုင်း ပရီးမီးယား လိဂ် အသင်းကို အတည် ပြုနိုင် ခဲ့ပြီ ဖြစ်ရာ ယင်းနေ့တွင် ယှဉ်ပြိုင်မည့် တစ်ဖက် အသင်းမှာ Police United ဖြစ်သည်။
Police United အသင်းသည် ၁၆ သင်း ပါဝင် ယှဉ်ပြိုင် နေသော ထိုင်း ပရီးမီးယား လိဂ်တွင် ပွဲစဉ်-၁၈ အပြီး အဆင့်-၁၁ နေရာသို့ ရောက်ရှိ နေသည့် အသင်း ဖြစ်သည်။ နှစ်ပေါင်း ၅၀ သက်တမ်းရှိ Police United အသင်းသည် ၂၀၀၉ ခုနှစ်က ပထမတန်း ချန်ပီယံ ဖြစ်ကာ ထိုင်း ပရီးမီးယား လိဂ်သို့ တက်လှမ်း နိုင်ခဲ့သည့် အသင်း ဖြစ်သည်။
Police United အသင်းနှင့် ယှဉ်ပြိုင်ပြီးနောက် သြဂုတ်လ ၂ ရက်နေ့တွင် ထိုင်း ပရီးမီးယား လိဂ် ချန်ပီယံ Muangthong United အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။ Muangthong United အသင်းသည် ၂၀၁၀ ပြည့်နှစ် ထိုင်းပရီး မီးယား လိဂ် အမှတ်ပေး ပြိုင်ပွဲတွင် ပွဲစဉ်-၁၈ အပြီး ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ကာ ဒုတိယ နေရာမှ Chonburiထက် ၅မှတ် ပိုရထားသည်။
ရတနာပုံ အက်ဖ်စီသည် မြန်မာ နေရှင် နယ်လိဂ် ဒုတိယ အကျော့ မစတင်မီ ပြည်တွင်း၊ ပြည်ပ ကလပ် များနှင့် ခြေစမ်း ပွဲများ ကစားရန် စီစဉ် ခဲ့ပြီး မနောမြေ အက်ဖ်စီ၏ ကမ်းလှမ်း ချက်အရ ဇူလိုင်လ ၂၄ ရက်နေ့က စလင်းကွင်းတွင် ယှဉ်ပြိုင် ခဲ့ရာ ရတနာပုံက ၂-၁ ဂိုးဖြင့် အနိုင် ရခဲ့သည်။
ပြည်ပ ခြေစမ်းပွဲ ခရီးစဉ်မှ အပြန် သြဂုတ်လ ၇ ရက်နေ့တွင် တောင်ကြီး မြို့၌ ကမ္ဘောဇ အက်ဖ်စီနှင့် ကစားရန် စီစဉ် ထားသည့် ခြေစမ်းပွဲမှာမူ အကြောင်း မညီညွတ် သဖြင့် လက်ခံ ကျင်းပ နိုင်ခြင်း မရှိကြောင်း အိမ်ရှင် အသင်းမှ အကြောင်း ကြားလာ သဖြင့် ပျက်ပျယ် သွားပြီ ဖြစ်သည်။
၂၀၁၀ပြည့်နှစ် မေလ ၁၆ရက် တနင်္ဂနွေနေ့က မန္တလေးမြို့ ဗထူး အားကစား ကွင်းတွင် ရတနာပုံ အက်ဖ်စီနှင့် ကမ္ဘောဇ အက်ဖ်စီတို့ ဂိုးမရှိ သရေ ကျခဲ့သော ပွ္ပဲ၌ ရတနာပုံ အက်ဖ်စီမှ ရဲဇော် ထက်အောင် (၀ဲ - ၁၄)နှင့် ကမ္ဘောဇ အက်ဖ်စီမှ မိုးဝင်း (ယာ - ၄)တို့ ဘောလုံး ယှဉ်လုစဉ်။







