ဇွဲကပင် ယူနိုက်တက်နှင့် ပွဲအတွက် ကိုနေး ပွဲပယ် ခံထားရ၊ ၎င်းနေရာတွင် အောင်ချမ်းမိုးကို ကစား စေမည်ဟု ရိုဟန် ပြောကြား ရတနာပုံ ပရိသတ်များ (www.yadanarbonfans.com) စတုတ္ထအကြိမ် တွေ့ဆုံပွဲသို့ ရတနာပုံ အသင်းများ၊ မီဒီယာများ တက်ရောက် Photo Gallery: Yadanarbon FC 1:1 Nay Pyi Taw FC နေပြည်တော် အက်ဖ်စီနှင့် ရတနာပုံ အသင်း တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျ၊ အမှတ်ပေး ဇယားကို ရတနာပုံ ဆက်လက် ဦးဆောင် နေပြည်တော် အက်ဖ်စီနှင့် ပွဲကို ရန်ပိုင် လွဲချော်မည်၊ လူငယ် တိုက်စစ်မှူး မင်းမင်းထွန်း၏ ခြေစွမ်း တိုးတက်လာဟု နည်းပြချုပ် ဦးေ...
| Previous Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
| Next Matches | ||||||||||||||||||||||||
|
||||||||||||||||||||||||
အသင်း အောင်မြင်မှုများ
၂၀၀၉ ခုနှစ် မေလတွင် စတင် ဖွဲ့စည်းခဲ့သည့် ရတနာပုံ အက်ဖ်စီ အသင်း အနေဖြင့် ပထမဆုံး ပြိုင်ပွဲအဖြစ် မြန်မာ နေရှင်နယ်လိဂ် ဂရမ်းရွိုင်ရယ် ဖလား ၂၀၀၉ ပြိုင်ပွဲအား စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုံး ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲ၌ ပထမဆုံးသော ချန်ပီယံ အသင်းအဖြစ် အောင်မြင်မှု တစ်ခုအား စတင် ရရှိခဲ့သည်။မြန်မာ နေရှင်နယ်လိဂ် အသင်း (၈)သင်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ၎င်းအုပ်စု ပတ်လည် အမှတ်ပေးပွဲတွင် တစ်သင်းလျှင် စုစုပေါင်း ၇ပွဲစီ ကစား ခဲ့ရပြီး ရတနာပုံ အသင်း အနေဖြင့် အုပ်စု ပွဲစဉ်များတွင် ဗိုလ်လုပွဲရောက် ရန်ကုန် ယူနိုက်တက်နှင့် ဇေယျာရွှေမြေ အသင်း နှစ်သင်းကိုသာ သရေကျ ခဲ့ပြီး လက်ကျန် ပွဲစဉ် (၅)ပွဲစလုံးအား အနိုင်ရရှိခဲ့သဖြင့် စုစုပေါင်း ရမှတ် (၁၇)မှတ်ဖြင့် အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ရပ်တည် နိုင်ခဲ့သည်။
ထိုကဲ့သို့ အမှတ်ပေး ဇယားထိပ်ဆုံးတွင် ရပ်တည် နိုင်ခဲ့ခြင်းကြောင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့က သုဝဏ္ဏ အားကစားကွင်းကြီးတွင် ယှဉ်ပြိုင် ရသည့် ပထမဆုံး အကြိမ် မြန်မာ နေရှင်နယ်လိဂ် ဂရမ်းရွိုင်ရယ် ၂၀၀၉ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမှတ်ပေး ဇယား ဒုတိယရ ရန်ကုန် ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရသည်။
၎င်းဗိုလ်လုပွဲစဉ်တွင် သာမန်ပွဲကစားချိန် အတွင်း နှစ်ဂိုးစီ သရေကျနေခဲ့သဖြင့် အချိန်ပို ထပ်မံ ကစားခဲ့ရသည်။ သို့သော် အချိန်ပိုတွင်လည်း အဆုံးအဖြတ် ဂိုးအား သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရသည်။ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာတွင် ရတနာပုံ အသင်း သားများက ကန်ခွင့်ရသမျှ ပင်နယ်တီများအား ၀င်အောင် ကန်သွင်းနိုင်ခဲ့ပြီး ရန်ကုန် ယူနိုက်တက် အသင်း ကန်သွင်းခဲ့သည့် ပင်နယ်တီ နှစ်လုံးအား ရတနာပုံ အသင်း ဂိုးသမား ယဉ်မင်းအောင်က အစွမ်းပြ ကာကွယ် နိုင်ခဲ့သဖြင့် ရတနာပုံ အသင်း အနေဖြင့် ပထမဆုံးသော မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ခွင့် ရခဲ့သည်။
ထို့ကြောင့် ချန်ပီယံ ရတနာပုံ အသင်း အနေဖြင့် ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ပေးအပ် ချီးမြှင့်သည့် ဆုကြေးငွေ ကျပ် သိန်း (၅၀၀)အား လက်ခံရရှိခဲ့ပြီး မြန်မာ နေရှင်နယ်လိဂ် ဂရမ်းရွိုင်ရယ် ဆုဖလားကြီးအား ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် အသင်းအဖြစ် သမိုင်း စာမျက်နှာတစ်ခု ရေးထိုး နိုင်ခဲ့သည်။







